✨제 9 장✨

Mulai dari awal
                                        

"မင်း အလုပ်လုပ်နေတာမလား.. ဒီလိုထွက်လာလို့ ရရဲ့လား?"

သူ့ကိုပင် ပြန်မေးခွန်းထုတ်မိ၏။
ထို့နောက် သူ့ကို မကြည့်ပဲ ဆန်ပြုတ်ကိုသာ ငုံ့သောက်နေလိုက်သည်။

"တစ်ယောက်သောသူက သေတော့မလို အသံနဲ့ ဖုန်းဆက်မှတော့ အလုပ်က လုပ်နိုင်ပါဦးမလား..."

စကားသံက မချိုသာ။
သို့ရာတွင် ကျွန်တော် ပြုံးမိသည်။

ကျွန်တော့်ကြောင့်နှင့် အလုပ်ဖျက်ပြီး ပြန်လာသည့် သူ့ကြောင့် ကျေနပ်မိသလိုလို..
ဒါက ဘာခံစားချက်လဲ?

"အဲ့ဒါများ.. အလကားသက်သက် လူကို စိတ်တိုအောင်"

သူ မကြားနိုင်လောက်သည့် အသံနှင့် ခပ်တိုးတိုးရေရွတ်မိသည်။
သို့ပေမယ့် သူ ကြားသွားသည်လားမသိ.. ဟက်ခနဲ တစ်ချက်ရယ်လိုက်သဖြင့် ကျွန်တော် ဆန်ပြုတ်စားနေရာကနေ သူ့ကိုမော့ကြည့်လိုက်၏။

"တစ်ယောက်တည်း ပင်ပန်းခဲ့မှာပဲ.."

သူ့မျက်နှာသည် ပြုံးရိပ်သမ်းနေရာကနေ ပြန်တည်သွားသည်။
ထို့ပြင် ကျွန်တော့်ကို နစ်နစ်မျောမျော စိုက်ကြည့်နေသည်မို့ ကျွန်တော် မနေတတ်စွာ အကြည့်လွှဲရ၏။

"နောက်ဆို တစ်ယောက်တည်း မဖြစ်စေရဘူး.. ကျွန်တော် အမြဲတမ်း ဘေးမှာ ရှိနေပေးမယ်"

"..."

"ပြောခဲ့တယ်မလား.. ကျွန်တော် ခင်ဗျားကို စောင့်ရှောက်ပါ့မယ်လို့"

ရုတ်တရက် မျက်နှာတစ်ခုလုံး ပူတက်လာသည်မှာ အဖျားကြောင့်မဟုတ်။
ကျွန်တော့်မျက်နှာ ကျွန်တော် မမြင်ရပေမယ့် မျက်နှာတစ်ခုလုံး နီရဲနေလောက်ပြီထင်သည်။

သူ့စကားများကို ကြက်သီးထစရာဟု မမြင်မိပဲ ရင်ခုန်စိတ်လှုပ်ရှားနေသည့် ကျွန်တော် မူမမှန်တော့ဘူးလား မသိ။

"ငါ.. ငါ အခန်းထဲ အရင်သွားနှင့်မယ်။ ဆေးနဲ့ ရေယူပြီး လိုက်လာခဲ့"

မီးဖိုချောင်မှာတင် ဆေးသောက်လိုက်လို့ ရရဲ့သားနဲ့ ဒီနေရာက ထွက်ပြေးချင်လာသည်မို့ ပြောမိပြောရာ ပြောပစ်လိုက်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Tempat cerita menjadi hidup. Temukan sekarang