ကျွန်တော် သူ့ကို ဖုန်းဆက်ခေါ်ပြီး ဘယ်လောက်ကြာမှ သူ ရောက်လာသလဲ သိချင်၍ နာရီကို ကြည့်မိသောအခါ အံ့သြသွားရသည်။

ကျွန်တော် သူ့ကို ဆယ်နာရီခွဲတွင် ဖုန်းဆက်ခဲ့ခြင်းဖြစ်ပြီး စားပွဲပေါ်က နာရီလက်တံဟာ ဆယ်နာရီလေးဆယ့်ရှစ်မိနစ်ဖြစ်နေ၏။

ကျွန်တော် အိပ်ပျော်နေသည်မှာ ဆယ့်ငါးမိနစ်ခန့်မျှသာ ကြာသေးသည်။

ဆိုးတဲ့ Park ChanYeol...
ကျွန်တော် နေမကောင်းတာတောင် ဂရုမစိုက်ပေးဘူးဆိုပြီး အလကားသက်သက် စိတ်မကောင်းဖြစ်နေခဲ့တာပဲ။

ကျွန်တော်က အသုံးမကျတာပါလေ..
ChanYeol က စကားကို အေးစက်စက်နှင့် ဘုဂလန့်ပြောတတ်ပေမယ့် သူ့အတွင်းစိတ်က ကောင်းမွန်သည်ကို မသိတာလည်းမဟုတ်ပဲနဲ့။

"ထနိုင်ရဲ့လား??"

လှဲအိပ်နေရာကနေ ကုန်းရုန်းကာ ထတော့ သူက ကျွန်တော် ထထိုင်နိုင်ရန် ဘေးကနေ ကူညီပေးသည်။

စိုးရိမ်ရိပ်များ အထင်းသားပေါ်လွင်နေသည့် ChanYeol အကြည့်နှင့် ဂရုစိုက်ပေးမှုကြောင့် ရင်ထဲ နွေးသွား၏။

တွဲကိုင်ထားသည့် သူ့လက်ကို အသာဖယ်ချရင်း မီးဖိုချောင်ဘက်သို့ အားယူလျှောက်လာခဲ့သည်။

သိပ်အပြောင်းအလဲမြန်သည့် ကျွန်တော်...
ခုနကကျ သူ့ဂရုစိုက်မှုတို့ကို အလိုရှိနေပြီး ခုကျတော့ ကျွန်တော်၏ အားနည်းတဲ့ ပုံရိပ်ကို မပြချင်ပြန်။
တကယ်ဆို ကျွန်တော်က သူ့ထက် အသက်ရှစ်နှစ်ကြီးပြီး ဘဝ၏ အချိန်တော်တော်များများကို တစ်ယောက်တည်း ရပ်တည်လာသူ မဟုတ်လား..

မီးဖိုချောင်က ထမင်းစားပွဲပေါ် အသင့်ပြင်ဆင်ထားသော ဆန်ပြုတ်လေးမှာ ပူပူနွေးနွေးနှင့် စားချင်စဖွယ်အနံ့လေး သင်းနေသည်။

"မနေ့ကတော့ အကောင်းကြီးပါ.. ဘယ်လိုဖြစ်ပြီး ဖျားသွားတာလဲ??"

ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ဆန်ပြုတ်ကို ဇွန်းနှင့်ခပ်စားမည်ပြုနေစဉ် ChanYeol က မေးလာ၏။
သူ့မေးခွန်းကို မဖြေသေးပဲ ဆန်ပြုတ်ကို နှစ်ဇွန်းသုံးဇွန်းလောက် ခပ်သောက်လိုက်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now