စက္ကန့်အနည်းငယ် ကြာသွားသောအခါမှ..

"မသေသေးဘူးမလား.. စောင့်နေဦး! ကျွန်တော် မအားသေးလို့"

ပြောပြီးပြီးချင်းပင် ဖုန်းကို ချပစ်လိုက်သည်။
စ,စချင်း စိတ်တိုသွားမိပေမယ့် သိပ်မကြာလိုက်.. စိတ်မကောင်းခြင်း​များက ကြီးစိုးလာ၏။

မျှော်လင့်မိသော ဂရုစိုက်မှုကို မရပဲ အေးစက်စက်သာ တုံ့ပြန်ခံလိုက်ရခြင်းကြောင့် စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုတို့က တဟုန်ထိုးတက်လာသည်။

သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာ ဘယ်လိုများပါလိမ့်?
အလကားကောင်ကြီး!
စကားကို လျှာရိုးမရှိ ပြောချင်တိုင်း လျှောက်ပြောနေတာ...

ဖျားနေသည်ကြောင့် အရမ်း emotional ဖြစ်နေမိသည်လား...
ကိုယ့်ကိုကိုယ်လည်း နားမလည်တော့ပေ။
အရင်ကလည်း ဖျားနေချိန် တစ်ယောက်တည်း ဖြစ်သလို ဖြတ်သန်းနေကျကို ခုကျမှ ဘာလို့ သူ့ဂရုစိုက်မှုကို မျှော်လင့်နေမိမှန်းမသိ။

Park ChanYeol ကို အတွေးထဲက မောင်းထုတ်လို့ ရလိုရငြား ခေါင်းကို ဘယ်ညာခါယမ်းပစ်လိုက်သည်။

ပြန်အိပ်လိုက်ရုံကလွဲ အခြားလုပ်နိုင်တာမရှိတော့။
အိပ်လိုက်ရင် အနည်းငယ် နေလို့ကောင်းလာရန် မျှော်လင့်ရင်း...

💫💫💫

"BaekHyun! BaekHyunee! ခဏထဦး..."

လက်မောင်းကို ခပ်ဖွဖွကိုင်လှုပ်၍ နာမည်ခေါ်ကာ နှိုးနေသူတစ်စုံတစ်ဦးကြောင့် အိပ်ပျော်နေရာက နိုးသွားခဲ့သည်။

နိုးနိုးချင်း ခေါင်းတစ်ခုလုံး ထိုးကိုက်လာ၍ တစ်ကိုယ်လုံး ပူရှိန်းရှိန်းကြီးဖြစ်နေ၏။
အိပ်လိုက်ရင် ပိုသက်သာလာမလားဟု မျှော်လင့်ခဲ့ပေမယ့် ကိုယ်ပူရှိန်က ပိုကြီးလာသလိုပင်..။

ChanYeol သည် ခါးကို အသာကိုင်း၍ ကျွန်တော့်ကို ကြည့်နေသည်။
သူ့မျက်လုံးများထဲမှာ ရှိသည့် အရိပ်အယောင်က စိုးရိမ်ရိပ်တွေများလား။

အလကားကောင်..
ဖုန်းဆက်ခေါ်တုန်းကကျ လူကို သစ်စိမ်းချိုးချိုးသွားပြီးတော့!

"ဆန်ပြုတ်ပြုတ်ထားတယ်.. ထစားလိုက်ဦး! ပြီးရင် ဆေးသောက်ရမယ်"

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now