ကိုကို့ အဆိုး​လေး

Start from the beginning
                                    

"ကိုကိုက apronနဲ့ သိပ်​လိုက်​တာပဲ... ဟီး ဟီးး ချစ်​စရာကြီး..."

Tae​လေး ​အော်​​ခေါ်​နေသည်​မို့ မ​နက်​စာပြင်​​နေရင်းက ​ပြေးတက်​လာတာမို့ apronကို Minho မချွတ်​ထားခဲ့မိတာ...

"ကိုကို ​ချောတာ ကိုကို သိတယ်​ ​က​လေး... ကိုကို မနက်​စာ ပြင်​ထားမယ်​ ​ရေချိုးပြီးဆင်းလာခဲ့ ဟုတ်​ပြီလား..."

"အင်္ကျီပါ​နော်​ ကိုကို..."

"ကိုကို သိပါတယ်​ကွာ..."

Minho ​ရေချိုးခန်း တံခါးကို ဆွဲပိတ်​လိုက်​ပြီး... Tae​လေး ဝတ်​မယ့်​ အဝတ်​အစားကိုထုတ်​ထားလိုက်​ပြီး... အိပ်​ယာသိမ်းရန်​ ကုတင်​ဆီသို့ လှမ်းလိုက်​သည်​... အိပ်​ယာ သိမ်းပြီး​နောက်​မှာ​တော့...

Minhoရဲ့ ချစ်​လှစွာ​သော သခင်​​လေး သုံး​ဆောင်​ရန်​ မနက်​စာပြင်​​ပေးရအုံးမည်​​လေ။

အိမ်​​ထောင်​ကျကာစက ​အိမ်​အကူ​လေး ထားမိပါတယ်​... ကိုကိုနဲ့ စိတ်​မချဘူးဆိုပြီး ဖြုတ်​ပစ်​လိုက်​တာ... ထပ်​ပြီး​တော့မခန့်​နဲ့ Taeက ကိုကိုချက်​​ကျွေးတာကိုပဲစားချင်​တာ... အရသာ ​ကောင်း​ကောင်းဆိုးဆိုး ကိုကိုပဲ ချက်​​ကျွေးရမယ်​တဲ့​လေ...

ကဲ အဲဒီ​တော့ ဒီကလူက ဘာပြန်​​ပြောနိုင်​မှာလဲ... ချစ်​လို့ ယူထားတဲ့သူမို့ မခိုင်းရက်​တာနဲ့ပဲ... တစ်​အိမ်​လုံးရဲ့ အလုပ်​​တွေကို Minho တစ်​​ယောက်​ပဲ လုပ်​​နေရတာ...

ပြီး​တော့ ခြံ​စောင့်​ Arjushiကလွဲလို့ တစ်​အိမ်​လုံးမှာ Minhoနဲ့ က​လေးနှစ်​​ယောက်​တည်း... ​ယောက္ခမဘက်​က​တော့ အိမ်​သန့်​ရှင်း​ရေးလုပ်​ဖို့ တစ်​ပါတ်​တစ်​ကြိမ်​ လူလွှတ်​​ပေးတာကို​တော့ က​လေး လက်​ခံခဲ့တာကပဲ ​တော်​​သေး​သည်​... မဟုတ်​ရင်​ အိမ်​သန့်​ရှင်း​ရေးပါ Minhoလုပ်​​နေရမှာ...

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

"ကိုကို... Tae ဗိုက်​ဆာပြီ..."

"အဆင်​သင့်​ပဲ က​လေး​ရေ..."

စားပွဲမှာ ဝင်​ထိုင်​လာသူ​လေး အတွက်​ မနက်​စာအသင့်​ချ​ပေးလိုက်​သည်​... Minhoက​တော့ မနက်​စာပြင်​​နေရင်းနဲ့ ဟိုမြည်း ဒီမြည်းနဲ့ စားလိုက်တာ... မနက်​စာကို သီးသန့်​မစားဖြစ်​​တော့ဘူး​​​...

ကိုကို့ အဆိုး​လေး❤❤❤ [Zawgyi/Unicode]Where stories live. Discover now