ကျ​နော်​ နဲ့ Chanyeolကြားက relationshipတစ်​ခုကို သူငယ်​ချင်းဆိုတဲ့ အသုံးအနှုန်းနဲ့ သုံးချသွားတဲ့ Baekhyunက သူ့စကားကို အဆုံးထိဆက်​မ​ပြောဘဲ ​အောက်​နှုတ်​ခမ်းကို တစ်​ချက်​သပ်​လိုက်​ပြီး ​​ဖြေး​ဖြေးချင်းစီ ​ခေါင်းငုံ့ချသွားလို့ ငြိမ်​ကျသွားတယ်​...။

ဒီ​ကောင်​​လေးဟာ...လူကို သိချင်​​စိတ်​​တွေများ​အောင်​ အရမ်းလုပ်​တာပဲ...။

"ဒီတိုင်း...ဘာဖြစ်​လို့လဲ Baekhyun.."

သိချင်​စိတ်​ပြင်းပြမိတဲ့ ကျ​နော်​ကပဲ သူ့စကားကို ဆက်​ဖို့ လမ်း​ဖောက်​​ပေးပါရ​စေ​တော့...

ထိုအခါမှ ​ကောင်​​သေး​လေးက ​ခေါင်းပြန်​​မော့လာပြီး ခပ်​​လျော့​လျော့အပြုံး​လေးနဲ့....

"သူသိ​စေချင်​လို့ပါ..ကျ​နော့်​ကို ပိုင်​ဆိုင်​ချင်​တဲ့သူ ရှိတယ်​ဆိုတာ...."

အပြုံး​လျော့​လျော့​လေးနဲ့ ​ပြောလာတဲ့ ​ကောင်​​လေး​စကား​ကြောင့်​ ကျ​နော်​ပါ ပြုံးမိသွားတယ်​...။

သ​ဘောကျလို့ပြုံးလိုက်​မိတဲ့အပြုံး...ဟင့်​အင်း..ဒါ​တော့ မဖြစ်​နိုင်​...

ဒီအပြုံးဟာ..ကိုယ့်​ကိုကိုယ်​ အား​ပေးတဲ့အ​နေနဲ့ ပြုံးလိုက်​တဲ့ အားပေးပြုံးတစ်​ခုပါ...။

Baekhyunအတွက်​ ပြုံးပြမိတဲ့အပြုံးမဟုတ်​...
ကျ​နော့်​ကိုယ်​ကျ​နော်​အတွက်​ ပြုံး​ပေးမိတာပါ...

"အခု..အဲ့အဘိုးကြီးကို သွား​ချော့လိုက်​ဦးမယ်​..၊အဲ့​ကြောင့်​ P'က ကျ​နော့်​ကို စိတ်​မဆိုးနဲ့​တော့​နော်​..​"

က​လေးတ​ယောက်​အမှားလုပ်​ထားမိလို့ မိဘ​တွေကို မျက်​နှာချို​သွေးတဲ့ပုံစံ​လေးနဲ့ ​တောင်းဆိုလာတဲ့ ​ကောင်​​လေး​ကြောင့်​ ကျ​နော်​ ​ခေါင်းငြိမ့်​ပြလိုက်​မိ​တော့ ​Baekhyunက ​နှစ်​နှစ်​ရရပြုံးချလိုက်​ပြီး...

"Uri ChanChanYeollie ah...!!"

Chanyeolနာမည်​ကို ချစ်​စဖွယ်​ဖြစ်​​အောင်​ ​စ​နောက်​​အော်​​ခေါ်ပြီး Chanyeolအခန်းတံခါးကို မ​ခေါက်​မပြုဘဲ ဝင်​သွားတဲ့ Baekhyunရဲ့ ပုံရိပ်​​ပျောက်​သွားမှ ကျ​နော့်​လက်​ထဲက ​ပေါင်​မုန့်​ချပ်​ နဲ့ ယိုစွန်း​နေတဲ့ဇွန်းကို ချလိုက်​ပြီး ​လေပူတစ်​ချက်​မှုတ်​ထုတ်​လိုက်​မိတယ်​...။

နှလုံးသားဖြင့်‌ ကြည့်‌၍ မြင်‌သည်‌...(Baekhyun×Chanyeol×OC-Yaoi)Where stories live. Discover now