Just friend-4

3.6K 180 1
                                    

Just friend

P-4

အပြုံးမပျက်​ သူတို့ ​ရှေ့မှာ ၀င်​ထိုင်​လိုက်​ရင်း...

"​နေလ ​ခွေး​ကောင်​... ခုမှပဲ ငါ့ဆီလာ​တော့တယ်​... သတိရ​နေတာကို     "

"လာပါတယ်​ကွာ... မင်းကမရှိတာကို....     "

"ထားပါ... သူက    "

" အာ.. သူက ငါ့ရည်းစား  ... "

"အိုးး... ​ကျောင်းဖွင့်​တာမှ... တစ်​ပတ်​​လောက်​ရှိ​သေးတယ်​.. မင်းက​တော့ကွာ... သွက်​လှချည်​လား..     "

"ဒီလိုပဲ​လေ... သူ့နာမည်​က ​မေဦးခင်​    "

" ​မေ...​ရေ. ဒါက ငရဲ .. ရဲစွမ်း...​မေ့ ကို​ပြောပြဖူးတာပဲ   "

ကောင်​မ​လေးက အပြုံးဖြင့်​သာ တုံ့ပြန်​သည်​။
သူသည်​လည်း ပြန်​ပြုံးပြ လိုက်​​ပေမယ့်​...ရင်​ထဲမှာ​တော့.. ပူ​လောင်​​နေမိသည်​။
သူနဲ့က ဘာမှသက်​ဆိုင်​သည်​မှ မဟုတ်​ဘဲ .....။ဝင်​​ရောက်​စွက်​ဖက်​ခွင့်​မရှိ။

အဲ့သည်​​နောက်​... သူ့အလုပ်​ပိတ်​ရက်​တိုင်းလိုလို... ​နေလနှင့်​​တွေ့ဖြစ်​သည်​။
အပြင်​​လျှောက်​သွားလျှင်​သွား... တစ်​ခုခု သွားစား.... တစ်​ခါတ​လေ ​နေလရဲ့​ကောင်​မ​လေး​တွေ ပါ ပါလာတတ်​သည်​။

ဟုတ်​ပါသည်​...​နေလရဲ့ ​ကောင်​မ​လေး​တွေ.....။ ​နေလက တစ်​​ယောက်​ပြီး တစ်​​ယောက်​တွဲသည်​။  တွဲသည့်​ ​ကောင်​မ​လေးတိုင်းကို... သူနှင့်​မိတ်​ဆက်​​ပေးသည်​။

ဘာသ​ဘောလဲ ​နေလ ရာ.... တဖြည်းဖြည်း နဲ့ ညှင်းဆဲ​နေတာလား... သိသိကြီးနဲ့များ... လုပ်​​နေတာလား...။

သူမသိ​တော့.......။

နေလ... တတိယနှစ်​စတက်​​တော့.... သူ့အလုပ်​ကို လိုက်​လာသည်​။ တစ်​​ယောက်​ထဲ။
နေလ ရှိရာ... နား​နေခန်းကို သူလာခဲ့သည်​။ တစ်​​ယောက်​ထဲ​တော့မဟုတ်​။ သူနှင့်​ အလုပ်​တူတူ လုပ်​​နေကြ အမ တစ်​​ယောက်​နှင့်​...တစ်​နည်း.. သူ့ချစ်​သူ မမ နှင့်​။

နေလက​တော့....  ​ကြောင်​အအနှင့်​ကြည့်​​နေခဲ့သည်​။
အတူထိုင်​ပြီး​တော့မှ
." ​နေလ... ဒီတစ်​ခါ​တော့.. ငါအလှည့်​​ပေါ့ကွာ...  ငါမိတ်​ဆက်​​ပေးရမယ်​... ဒါက ငါ့ချစ်​သူ.... ဒီကပဲ... ငါ့ထက်​ကြီးတယ်​... ​အေးချမ်းသူတဲ့    "

Just friend (Complete ) U&ZWhere stories live. Discover now