just friend-2

4.3K 231 0
                                    

Just friend

P-2

ကျောင်းသွား​တော့...​နေလနှင့်​ပင်​ အတူသွားဖြစ်​သည်​။အတန်းကလည်း အတူတူပဲ မို့.သူ့အတွက်​ အဆင်​​ပြေသွားသည်​။

မုန့်​စားဆင်းချိန်​​ရောက်​​တော့....​ဈေးတန်းထဲ...တိုး​ဝှေ့ကာ..နှစ်​​ယောက်​သား...အဆာ​ပြေ မုန့်​တစ်​ချို့ ၀ယ်​စားကြသည်​။ လက်​ထဲပါလာသည့်​ မုန့်​တစ်​ချို့ကို  ​ဈေးတန်းအနီး ထ​နောင်းပင်​​အောက်​က ​ကျောက်​၀ိုင်းမှာပင်​ ထိုင်​စားကြသည်​။

နေလက အ​ပေါင်းသင်း​ပေါသည်​။ ​တွေ့သမျှလူတိုင်းနှင့်​နှုတ်​ဆက်​ကာ ​တွေ့သမျှ ​ကောင်​မ​လေး တိုင်းကို လိုက်​စသည်​။. ..မျက်​နှာရူးဟု ..​ပြောလျှင်​လည်း....မျက်​နှာက စပ်​ဖြဲဖြဲ။ယခုလည်း....​မုန့်​ကို အသာ ထိုင်​မစား....ပါးစပ်​က​နေ....​ကောင်​မ​လေး တစ်​ချို့ကို လိုက်​စ ​နေပြန်​သည်​။

"  ငြိမ်​ငြိမ်​​နေစမ်းပါကွာ...​နေလ ရာ မရှက်​ဘူးလား..   "

"  အံမာ...ရှက်​စရာလား...​ကောင်​မ​လေး ​ချောလို့..စ တယ်​ ဘာဖြစ်​လဲ  "

" အဲ့​ကောင်​မ​လေး...က မင်း ညီမ ဆိုရင်​​ရော..   "

"စ ပါ​စေ​ပေါ့....ငါ့ညီမ က ပြန်​ပြီး စပ်​စလူးမထရင်​ ပြီး​ရော..     "

ကောင်း​ရော....​နေလဆိုတာ...ဒီလို​ကောင်​မျိုးရယ်​ပါ။ ခင်​တာ သိပ်​မကြာ​ပေမယ့်​....သူ့အ​ကြောင်း​တွေ အ​တော်​အတန်​ သိ​နေပြီ​လေ။

နေ့လယ်​ခင်း အတန်းစပြီး..သိပ်​မကြာခင်​မှာပဲ...​နေလတစ်​​ယောက်​ လှုပ်​လှုပ်​ရွရွဖြစ်​​နေသည်​။

" ​ဟေ့​ကောင်​..ငရဲ...အိမ်​သာ သွားရ​အောင်​...လိုက်​ခဲ့  "

" ​အေး..​အေး   "

တကယ်​တမ်း..အိမ်​သာ နား​ရောက်​မှ သူ သိလိုက်​ရသည်​။ ​နေလတို့...ချိန်းပွဲရှိသည်​မဟုတ်​လား...။

" ငါ  .မလိုက်​​တော့ဘူး...ဒီနားကပဲ​စောင့်​​နေမယ်​...သွား...     "

"ဟာ....အင်း...အင်း...ပြီး​ရော    "

"​ဟေ့​ရောင်​...မထိခိုက်​မိ​စေနဲ့....နိုင်​​အောင်​ချခဲ့ ..     "
."  ​နေလပါ..ကွ   "
ပြေးထွက်​သွားသည့်​...အဲ့​ကောင်​ကိုကြည့်​ရင်း...စိုးရိမ်​​နေမိသည်​။ လူ​ကောင်​​သေး​သေး​လေးနဲ့ ..ဖြစ်​ပါ့မလား.....

Just friend (Complete ) U&ZWhere stories live. Discover now