""မောင် ရေချိုးတော့မယ်""

မောင့်လက်ကို မ ကိုင်လိုက်သည်။

""မောင် ... အဆင်ပြေရဲ့လား""

""မောင် အဆင်မပြေရင် မ က လိုက်လျောပေးမှာလား၊ အဲ့လို မောင့်အလို မ လိုက်လျောဖြစ်ရင်ရော မ အဆင်ပြေမှာလား""

ပိုင်စီး အသံ ကျယ်သွားသည်။ မ က မောင့်ကို တအံ့တသြ ငေးစိုက်ကြည့်နေသည်။

""sorry မ ... မောင် အလုပ်မှာ စိတ်ဖိစီးခဲ့လို့ မ အပေါ် အော်မိသွားတယ်၊ တောင်းပန်တယ်၊ နားရာလေး မ ကို ရှာနေတော့မယ်၊ နားရာလေးဆီ သွားလိုက်ဦး၊ မောင်ရေချိုးပြီးရင် ထမင်းအတူစားတာပေါ့ ""

မ ကိုယ်ကို ပွေ့ဖက်လျှက် မ ကျောပြင်ကို နှစ်ချက် သုံးချက်လောက် ခပ်ဖွဖွ ပုတ် နှစ်သိမ့်ပြီး မောင်က ပြန်လွှတ်ပေးသည်။ မ ဘာမှ မဆိုနိုင်ခင် မောင်က ရေချိုးခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်သွားသည်။

မောင် ဘာဖြစ်နေတာပါလိမ့်။ အရင်အကြိမ်တွေမှာ မ ငြင်းဆန်တိုင်း မ ကို အပြုံးမပျက်၊ ခေါင်းတညိမ့်ညိမ့်နှင့် နားလည်မှု့ပေးခဲ့သော မောင်က အခု မ ကို စိတ်ဆိုးသွားသည်။

မောင် က အဲ့လို လူမျိုးမှ မဟုတ်တာ။

-------------------

ရေချိုးခန်းတံခါးကို မှီလျှက် ပိုင်စီး ထိုင်ချလိုက်သည်။

အသိတရားကပ်စမ်း ... ပိုင်စီး၊ တစ်စုံတစ်ယောက်ရဲ့ မြှူဆွယ်ဖျားယောင်းမှု့အောက် စုံလုံးကန်းမဲ့ အမိုက်ကောင် မဟုတ်ဘူး။ ဘာလို့ ဒီကောင်လေးကို ငါ မလွန်ဆန်နိုင်ရမှာလဲ။ မင်းမှာ အဆင်းရောအချင်းရော ပြည့်စုံတဲ့ ဇနီးမယားတစ်ယောက်လုံး ရှိတယ်။

နှုတ်ခမ်းဖျား၏ အထိအတွေ့၊ ကိုယ်ခန္ဓာ၏အထိအတွေ့၊ ခြေချောင်းတွေရဲ့အထိအတွေ့။ ညှို့ဓာက်ပြင်းသော ရုပ်သွင်ပြင်မှာ မက်မောစရာ ကိုယ်ခန္ဓာခပ်ပါးပါးပိန်ပိန်။ မကြုံစဖူး ခပ်ညုညု ခပ်ချွဲချွဲ ကောင်ငယ်လေး၏ ရဲတင်းမှု့။

ကိုယ့်မျက်နှာပေါ် သူမှုတ်ထုတ်လေ့ရှိသည့် သူ့ကိုယ်တွင်းက လေပူငွေ့တစ်ရှိုက်မှာ သူ့ခံတွင်းနံ့ စီးကရက်သင်းမြမြက ကပ်ငြိနေသည်။ သူ ကိုယ့်အနားကပ်လာတိုင်း ကိုယ်ယစ်မူးမိတာ သူ့ကိုယ်မှာ ထုံယစ်နေသော လာဗင်ဒါနံ့ခပ်ရိုင်းရိုင်း။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းDove le storie prendono vita. Scoprilo ora