သူမကမာနအရမ်းကြီးပြီးဘယ်ယောင်္ကျားကိုမှလူမထင်။
အဲ့ယောင်္ကျားတွေပါတဲ့စာရင်းထဲမှာတော့မင်းရာဇာဆိုတဲ့လူမပါဝင်ပေ။ကျောင်းမှာကထဲကမင်းရာဇာနဲ့ရဲရင့်မာန်ဆိုတာနေရာ
တကာမှာအပြိုင်အဆိုင်လုပ်နေကြတဲ့ပြိုင်ဘက်နှစ်ယောက်။
ရဲရင့်မာန်ဆိုသောသူမှာသစ္စာကိုအသေရရအရှင်ရရအရမ်းချစ်ကြိုက်ခဲ့သောသူဖြစ်သည်။သို့သော်မင်းရာဇာကခြေတစ်လှမ်းသာ
အနိုင်ယူချင်းကိုခံခဲ့ရသည်ပင်။

သစ္စာကမင်းရာဇာကိုကျောင်းမှာစတွဲကြကတည်းကအသေချစ်သည်။မင်းရာဇာကျောင်းကထဲကသူ့ကိုအနိုင်လိုချင်လို့သက်သက်နဲ့
ချစ်ဟန်ဆောင်ပြီးတွဲခဲ့သည်ကိုလည်းသူသိသည်။
သို့သော်လည်းတစ်နေ့သူ့ကိုပြန်ချစ်လာမယ်ဆိုတဲ့မျှော်လင့်
ချက်နဲ့သူ့အချစ်တွေပေါင်းပြီးမင်းရာဇာကိုသာအခုအချိန်ထိချစ်နေခဲ့သည်သာ။

ထုံးစံအတိုင်းသစ္စာGymလာပြီဆိုတာနဲ့အရင်ဆုံးရောက်နေ
တတ်သူကရဲရင့်မာန်။သူဆိုတာလည်းကြည့်ကောင်းတဲ့
ယောင်္ကျားအမျိုးအစားထဲမှာပါတယ်။ခန္ဓာကိုယ်အချိုးအစားက
တော့မင်းရာဇာနဲ့မတိမ်းမယိမ်း။ပိုက်ဆံလဲရှိတယ်။သစ္စာပုံမှန်ဆိုသူ့ကိုသဘောကျလို့ရနိုင်တယ်။ဒါပေမယ့်သူမကြိုက်တာကရဲရင့်မာန်ရဲ့ကောက်ကျစ်အနိုင်လိုချင်နေတဲ့စိတ်ဓာတ်ကိုပဲ။ဒါကိုလဲသူမာန့်လိုခံစားရမှနားလည်နိုင်လိမ့်မည်ပင်။

"သစ္စာ...မင်းကို့ကိုစကားမပြောတော့ဘူးလား!"

သစ္စာနားကြပ်တပ်ထားပြီးသီချင်းသံကိုအဆုံးထိတင်ထားတယ်။မကြားချင်ယောင်ဆောင်ပြီးလေ့ကျင့်ခန်းလုပ်ရင်သူ့
အတွက်စိတ်အနှောက်အယှက်သက်သာစေတယ်လို့ခံစားရ
သောကြောင့်ဖြစ်တယ်။

ချက်ချင်းဆိုသလိုပဲသစ္စာနှာခေါင်းထဲဝင်လာတဲ့ရနဲ့ကြောင့်
ဘေးနားကပြေးစက်ကိုလှမ်းကြည့်လိုက်တယ်။

'ကိုမင်း......!'

သူရလိုက်သည့်အနံ့ကရာဇာအမြဲသုံးနေကျရေမွှေးနံ့။
သစ္စာနားထဲကနားကြပ်ကိုဆွဲဖြုတ်လိုက်ပြီးသူ့ပုခုံးပေါ်ကို
ချက်ချင်းလှမ်းတင်လိုက်သည်။
သစ္စာစကားစမပြောခင်ပဲရာဇာစကားအရင်စလိုက်တယ်။

Beyond the galaxy(ZG+Uni)Where stories live. Discover now