12

6.8K 275 12
                                    

Zawgyi>>>

ကုတင်ပေါ်တွင်ဖျော့တော့စွာ လဲလျောင်းနေသော ကောင်လေး...နာကျင်မှုကြောင့် တစ်ချက်တစ်ချက် ရှိုက်သံလေးတွေပါထွက်နေသည်မို့ Luhan သက်ပြင်းချသည်

ကောင်လေးကိုယ်ပေါ်မှဒဏ်ရာတွေကို သူသေချာဆေးထည့်ပေးခဲ့ပေမဲ့ အနာရှိန်ကြောင့်ဖျားဦးမှာတော့အမှန်ပင်

Baekhyun ကိုတစ်ချက်ကြည့်မိတော့ သူ့နည်းတူစွာ ကောင်လေးကိုမမှိန်မသုတ်စိုက်ကြည့်နေပြန်တယ်

"တော်ပါတော့ကွာ မင်းသူ့ကိုနှိပ်စက်တာလွန်နေပြီ"

"ဟုတ်ကဲ့ hyung"

Baekhyun အသံကအနည်းငယ်တုန်ယင်သွားကာ ခေါင်းကိုငုံ့ထားသည်...

စီးကျလာတဲ့ရေအချို့က Baekhyun မျက်ရည်တွေဖြစ်ကောင်းဖြစ်နိုင်ရဲ့...
ကောင်လေးနဲ့ပက်သက်ရင် သူမျက်ရည်ကျတတ်လာပြီလေ...

"ကျွန်တော် ထိန်းချုပ်လို့မရခဲ့ဘူး"

"အင်းပါ ငါနားလည်တယ် ဆေးရောမှန်မှန်သောက်ရဲ့လား?"

"သောက်ပါတယ် ဘာလို့ဖြစ်သွားတာလဲတော့နားမလည်ဘူး"

"ဆေးတစ်ခုထဲနဲ့ကာကွယ်လို့ရတာမှမဟုတ်တာကွာ...မင်းစိတ်ကိုမင်းလဲထိန်းနိုင်ဖို့လိုတယ်"

သူတို့ပြောနေတုန်းမှာပဲ Yeol လေးနိုးလာကာ Baekhyun ကိုမြင်တော့ ခေါင်းလေးငုံ့ထားသည်....

"ငါအပြင်မှာစောင့်နေမယ်"

Luhan ကတော့အလိုက်သိစွာရှောင်ထွက်သွားရင်း Baekhyun ပခုံးကိုပါပုတ်သွားတယ်

Baekhyun
ကောင်လေးနားကို သွားထိုင်ကာ ဒူးလေးပိုက်လျက်နေတဲ့ Yeol ကို ကြည့်နေမိသည်

"အဆင်ပြေရဲ့လား yeol ah?"

"H..hyun.."

ရင်ခွင်ထဲတိုးဝင်လာသော ကောင်လေးရဲ့ကျောပြင်ကို Baekhyun ပုတ်ပေးရင်း တင်းကြပ်စွာဖက်ထားမိသည်

"အရမ်းကြောက်နေခဲ့မှာပဲ ကိုယ်တောင်းပန်ပါတယ်'

"ဟင့်အင်း ကျွန်တော်အဆင်ပြေပါတယ် Hyun"

Yeol လေးကိုယ်လေးကို Baekhyun အိပ်ယာပေါ်ညှင်သာသွာချပေးကာ စောင်လေးတစ်ထည်ခြုံပေးထားလိုက်သည်

String (CAGE-3)Where stories live. Discover now