မ က ပိုင်စီး လက်ထဲမှ ရုန်းထွက်ကာ အခန်းအပြင်ကို သုတ်ခနဲ ထ ပြေးသည်။

အခန်းတံခါးပိတ်ပြီး အခန်းအပြင်မှာ ရပ်လျှက် ကိုယ့်ရင်ဘတ်ပေါ် လက်ဖိထားကာ ရှက်ရွံထူပူမိသမျှ မ စိတ်လျှော့နေသည်။

အိမ်ထောင်သက် သုံးနှစ်ပြည့်တော့မယ်။ အခုထိမောင်နဲ့ပတ်သက်လာလျှင် မနေတတ်ဖြစ်နေတုန်း။ အချိန်တွေကြာလာလေ ကိုယ့်အသက်က ပိုကြီးလာလေ မောင့်အပေါ် ပိုအရှက်သည်းလာလေ။ ကိုယ်တိုင်ကအမျိုးသမီးဖြစ်ပါလျှက် ခင်ပွန်းဖြစ်သူ မောင့်ထက် အသက် ခြောက်နှစ် ကြီးသောကြောင့် မောင်နှင့်ယှဉ်လျှင် အစစအရာရာ အားငယ်မိတာအမှန်။

မောင်နဲ့အတူယှဉ်သွားတိုင်း ငါ မောင့်ထက် အသက်ကြီးတာ အရမ်းသိသာနေလား။
မိန်းမငယ်လေးတွေက နုပျိုခန့်ညားတဲ့မောင့်ရဲ့ အသက်ကြီးကြီး မယားငါ့ကို ကဲ့ရဲ့ လှောင်ပြောင်ကြမလား ...
ကိုယ်ကိုယ့်ကို ယုံကြည်မှု့တွေ ပျောက်ဆုံးလာသည်။

နှစ်ဦးအတူရှိချိန် မောင့်ကို ဇနီးမယားပီပီ တီတီတာတာ ချွဲနွဲ့ယုယချင်ပါသော်လည်း ...
ငါ့အသက်ငါ့အရွယ်နဲ့ မသင့်တော်ပါဘူး။
မောင်က ကြင်နာပေးသော်လည်း ကိုယ်က ကိုယ့်အသက်ကို ပြန်ငဲ့ကွက်၍ လူကြီးတစ်ယောက်လို အိနြေ္ဒကြီးအရှက်ပိုသည်။

မောင်က မ ဆန္ဒကို အရေးပေးသည်။ မ ဆန္ဒမပါပဲ ဘယ်တော့မှ နိုင့်ထက်စီးနင်းမပြု။ မ အဆင်မပြေလျှင် အတင်းအကြပ် မတောင်းဆို။ အပြင်ပုံစံ ခတ်ထန်မာကြောပေမဲ့ မောင်ဟာ ဇနီးမယားအပေါ် သိပ်ကို နူးညံ့ကြင်နာတတ်တဲ့ ခင်ပွန်းကောင်း။

 မောင်ဟာ မုန်ယိုနေသည့် ရမ္မက်ပြင်းပြသော တဏှာရူးကောင် မဟုတ်။ ကိုယ်တွင်းဆန္ဒတစ်ခုကို ရှေ့တန်းတင် မိုက်မဲပွေရှုပ်တတ်သော ယောကျာ်းမျိုးထဲ မပါ။ မ အဖေ နှင့် မ ချစ်သူဟောင်းကဲ့သို့ ခြားနားစွာ မောင်က မိသားစုအပေါ်, မ အပေါ် သစ္စာဖောက်ပြားခြင်း လုံးဝမရှိနိုင်။ မောင့်ဘယ်လောက် ထိန်းသိမ်းနိုင်လည်း မ အသိဆုံး။ မောင့်ကို အကြွင်းမဲ့ မ ယုံသည်။

မောင့်အပေါ် ကြင်သူတစ်ယောက်အနေဖြင့် မ ဖြည့်ဆည်းအလိုလိုက်ခြင်းမှာ တော်တော်ကြီး အေးစက်စက်နိုင်သည်။ သို့သော် အိမ်ထောင်ရှင်မတာဝန်ကို မ အထူးကျေပွန်သည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now