just friend -1

12.1K 280 14
                                    

Just friend

p-1

ကျောင်းသား​ဟောင်း​တွေ စု​ပေါင်းပြီး လုပ်​တဲ့ ဆရာကန်​​တော့ပွဲ......
နှစ်​​တွေကြာခဲ့ပြီ..ဆို​ပေမယ့်​...​ကျောင်း​တော်​ကြီးက အရင်​အတိုင်း.....သစ်​ပင်​ပန်းမန်​​တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ အ​​ဝေးက ပင်​ မြင်​ရတာ ရင်​ကို ​အေးသွား ​စေသလိုပင်​။

ကျောင်းရဲ့အုတ်​တံတိုင်း နံရံ​တွေမှာ ပန်းချီပုံ​တွေ ဆွဲထားပြီး....​ရှေ့မှာက စိန်​ပန်းပင်​​လေး​တွေ.......​ကျောင်းအ၀င်​၀ မှာပင်​ အရိပ်​​အေး​အေးက စ ရလာသည်​။ တစ်​ဖက်​က သခွပ်​ပင်​ တစ်​ဖက်​က စိန်​ပန်းပင်​နှင့်​ ​ကျောင်းတံခါးဝကို အုပ်​မိုးထား..သည်​။ ဆက်​​လျှောက်​လာ​တော့.....ခ​ရေပင်​ ပျို​တွေက လမ်းတစ်​ဖက်​တစ်​ချက်​မှာ စီစီရီရီ.......ဟိုအရင်​တုန်းက သည်​ခ​ရေပင်​​တွေ....သူ့ခါးတစ်​၀က်​သာ ရှိခဲ့​ပေသည်​။

ဧကရာဇ်​ပင်​နှစ်​ပင်​ကြားက ဒန်း ​လေး​ပေါ်မှာထိုင်​ရင်း....​ကျေးငှက်​သံ​လေး​တွေကို နား​ထောင်​​နေလိုက်​မိသည်​။

ပွဲကျင်းပသည့်​​နေရာနှင့်​....အ​တော်​တန်​​ဝေးသဖြင့်​....ဒီဘက်​သို့ လူသူ​ရောက်​လာသည်​မရှိ။...တိတ်​ဆိတ်​​နေသည်​။

နွယ်​သာကီ ပန်း ရဲရဲ တို့က ​လေတိုက်​တိုင်း...ဟိုယိမ်းသည်​ယိမ်းနှင့်​ ....။ကုက္ကို ကိုင်းတို့က တစ်​ချက်​တစ်​ချက်​ပွတ်​တိုက်​သံ​တွေ ထွက်​​ပေါ်​နေသည်​။

ကျောင်းမုန့်​​ဈေးတန်းဘက်​လှမ်းကြည့်​မိ​တော့......ဟိုအရင်​က ထိုင်​​နေကျ  ထ​နောင်းပင်​​ကျောက်​၀ိုင်း ကို ​တွေ့ရသည်​။

အရင်​တုန်းက.....ငယ်​ရွယ်​စဉ်​က အဖြူအစိမ်း ၀တ်​စုံ​တွေနဲ့.....ထို​ကျောက်​၀ိုင်းမှာ ..ထိုင်​လို့.....သူတို့​တွေ စ​နောက်​ ​ပျော်​ရွှင်​ခဲ့ကြတာ.......ရယ်​သံ​တွေကို​တောင်​ပြန်​ကြား ​နေရသလို။

သတိရတာထက်​...တမ်းတမိတယ်​ အဲ့ဒီအချိန်​​တွေကို....

ပြန်​လိုချင်​မိလို့...တမ်းတမိတာ

နောင်​တ​တွေကို ပြန်​ပြင်​ချင်​လို့....တမ်းတမိတာ.....

ပြီး​တော့.....မင်းအနားမှာ ပြန်​​နေခွင့်​ရချင်​လို့....
တမ်းတမိတာ

Just friend (Complete ) U&ZWhere stories live. Discover now