(Recommanded Music - 'Say I Do' by 911)

ChanYeol သည် ပြုံးရယ်နေသော ကျွန်တော့်ကို ငေးကြည့်နေရာက နောက်ထပ်သံစဉ်တစ်ခု ထပ်မံတီးခတ်လိုက်ပြန်သည်။
ယခုတစ်ခါ တီးခတ်သည့် သံစဉ်ကိုတော့ ကျွန်တော် မကြားဖူးပေ။

သံစဉ်ကို နားထောင်နေရာက ChanYeol ကို ငေးကြည့်ဖြစ်သည်။
အဖြူ ရောင် ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားကာ ခြေချိတ်ထိုင်လျက် ပေါင်ပေါ် ဂစ်တာတင်ပြီး တီးခတ်နေပုံက အရမ်းကို ချောမောကာ စမတ်ကျလွန်းနေ၏။

သူ့ပုံစံသည် ကျွန်တော် ငယ်ငယ်က ဖြစ်ချင်ခဲ့သော ယောက်ျားဆန်ဆန် ခန့်ညားချောမောသည့် ပုံစံမျိုးပင်။

သည်တစ်ခေါက် သံစဉ်သည် ကျွန်တော်မသိသည့် သံစဉ်မို့ လိုက်ဆိုလို့မရ..။
ထို့ကြောင့် ChanYeol ဆိုပြသည်ကို နားထောင်ရုံသာ

🎼My whole world changed from the moment I met you
And it would never be the same
Felt like I knew that I always loved you
From the moment I heard your name🎼

🎼Everything was perfect, I knew this love was worth it
Our own miracle in the making
And till this world stops turning
I'll still be here waiting and waiting to make that vow that I'll...🎼

🎼I'll be by your side
Till the day I die
I'll be waiting till I hear you say I do
Something old, something new
Something borrowed, something blue
I'll be waiting till I hear you say I do🎼

🎼'Cause I love you, love you🎼

🎼I'll be by your side
Till the day I die
I'll be waiting till I hear you say I do
Something old, something new
Something borrowed, something blue
I'll be waiting till I hear you say I do🎼

🎼We're shining like a diamond, just look at us now
I wanna hear you say I do🎼

ပတ်ဝန်းကျင်တစ်ခုလုံး ဘာဆိုဘာမှ သတိမထားမိတော့သည်အထိ ကျွန်တော့်အာရုံသည် ChanYeol တစ်ဦးတည်းဆီမှာသာ ရှိနေခဲ့သည်။

ဂစ်တာတီးခတ်ကာ သီချင်းသီဆိုနေရင်း တစ်ချက်တစ်ချက် လှမ်းကြည့်သော အကြည့်များထဲ ကျွန်တော် လှောင်ပိတ်မိခဲ့သလို..။

သီချင်းအဆုံးသတ်သွားသည်ကိုပင် သတိမပြုမိပါပဲ သူ့ကိုသာ ငေးကြည့်နေမိသည်။
သူသည်လည်း ကျွန်တော့်ကို ကြည့်နေပါသဖြင့် မျက်လုံးချင်း ဆုံမိသွားသော်လည်း အကြည့်မလွှဲဖြစ်လိုက်။

နှလုံးခုန်သံခပ်ကျယ်ကျယ်ကို ကြားရသောအခါ တုန်လှုပ်လို့လာသည်။
အနားသို့ တဖြည်းဖြည်း တိုးကပ်လာသော ChanYeol ကို ကြောင်အကာ ကြည့်နေရာမှ နဖူးထက်တွင် ပူနွေးသော အနမ်းတစ်ခုကို ရလိုက်သောအခါဝယ် သတိပြန်ကပ်လာသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now