ဘယ့်နှယ့်!
ဒီကောင် ရုပ်တည်ကြီးနဲ့ နောက်တတ်တယ်လား?

"မရယ်ရဘူး ဟျောင့်!"

အရင်ကတော့ ရူးကြောင်ကြောင်နှင့် 'C.Y.Park ဆိုတော့ Park ChanYeol များလား'ဟု တွေးမိကာ တစ်ယောက်တည်း ရယ်ဖြစ်ပါသေးသည်။

"ဒီမှာ ဦးလေးကြီး!"

ထင်မှတ်မထားသော အခေါ်အဝေါ်ကြောင့် ကျွန်တော် ခဏမျှ ကြောင်အနေရာက စိတ်တိုလာသည်။

အသက်ရှစ်နှစ်ကွာပေမယ့် ဒီအဆင်နှင့် ဒီအဆင်ကို ဦးလေးကြီးခေါ်စရာလား :3

"ဦးလေးကြီးက လူကို အရမ်းအထင်သေးထားတဲ့ပုံပဲ"

တဆိတ်!
ဒင်းက နည်းနည်းတော့ များသွားပြီ။

"ဒီမှာ Park ChanYeol!! မင်းနဲ့ငါက အသက်ရှစ်နှစ်ပဲကွာတာ.. ပြီးတော့ ဒီရုပ်ရည်ကို ဦးလေးကြီးခေါ်စရာလား?"

"ဦးလေးကြီးက ဦးလေးကြီးပဲ.. အပိုတွေ လာပြောမနေနဲ့!"

ပြောချင်ရာပြောပြီး ဂစ်တာကို ပေါင်ပေါ်တင်ကာ ကြိုးညှိနေသည့် ChanYeol ကို အောင့်သက်သက်နှင့် ထိုင်ကြည့်နေရသည်။
သူ ကျွန်တော့်ကို ချစ်တယ်လို့ ဖွင့်ပြောထားတာ ဟုတ်ရောဟုတ်ရဲ့လား။

အခြားလူမဟုတ်တောင် crush ကိုတော့ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံသင့်ကြောင်း Park ChanYeol အား တစ်ယောက်ယောက် သင်ပြပေးကြပါ!!

"ဦးလေးကြီး! ခင်ဗျား သီချင်းဆိုဝါသနာပါတယ်မလား.. သီချင်းတစ်ပုဒ်ပြောလိုက်! တီးပေးမယ်"

"Call me baby"

ယောင်တောင်ပေါင်တောင်နှင့် ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။
ChanYeol ဟာ ကျွန်တော် သီချင်းဆိုဝါသနာပါတာလည်း သိတာပဲလား။

သိပ်မကြာလိုက်ပါ..။
ဂစ်တာကြိုးများပေါ် ChanYeol လက်များ ပြေးလွှားလာရာက Exo ၏ Call me baby ကို accoustic version တီးတော့သည်။

🎵 ဒီလမ်းက လုံးဝရူးချင်စရာကောင်းနေတယ်
လူတိုင်းက သူစိမ်းတွေပဲ 🎵

ဂစ်တာတီးနေရာက ရုတ်တရက် ထွက်လာသော သူ့အသံသြရှရှကြောင့် ကျွန်တော် ခဏမျှ ကြောင်အသွားသည်။
Kai ၏ rap စာသားကို အေးအေးဆေးဆေး ကျွမ်းကျွမ်းကျင်ကျင် ဆိုသွားပုံက သိပ်ကို မော်ရှီးစောနေ၏။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now