အထုပ်ထဲက ပီဇာဘူးလေးကို ဆွဲထုတ်လိုက်သောအခါတွင် ပီဇာအမျိုးအစားများထဲကမှ ကျွန်တော်အကြိုက်ဆုံးသော Pepperoni Pizza လေးကို ဘွားခနဲ မြင်လိုက်ရသောအခါတွင် ChanYeol အား ဖက်နမ်းပစ်လိုက်ချင်စိတ်ပင် ပေါက်လာသည်။

"ChanYeol ah.. မင်း.. ငါ့ဖို့ ဝယ်လာပေးတာလား??"

မျက်ရည်လည်သော မျက်လုံးများဖြင့် ChanYeol ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

ChanYeol မျက်နှာဟာ အလင်းရောင်များပင် ဖြာထွက်နေသလို...။

"ဟင့်အင်း! လမ်းဘေးမှာ လွှင့်ပစ်ထားတာတွေ့လို့ ကောက်လာတာ"

အေးစက်စက် စကားကြောင့် ကျွန်တော့်မျက်လုံးထဲ ChanYeol ဘေးပတ်ဝန်းကျင်က ဖြာထွက်နေသော အလင်းရောင်များ ချက်ချင်းပျောက်သွားသည်။

စိတ်တိုစရာကောင်းအောင် >.<
စကားကောင်းကောင်းပြောရင် သေမှာမို့လို့လား။

ဒေါသနည်းနည်းထွက်လာသော်လည်း ပေါင်ပေါ် တင်ထားသော ပီဇာလေးက ကိုယ့်ကို ပြုံးကြည့်နေသည်မို့ ပြန်ပြုံးပြလိုက်ကာ ပီဇာတစ်စိတ်ကို ယူလိုက်သည်။

တစ်ကိုက်,ကိုက်လိုက်သောအခါတွင် cheese အမျှင်တန်းလေးက ပီဇာနှင့် ပါးစပ်ကြား တန်းလန်းလေးဖြစ်နေ၏။

arghh!
စားလို့ကောင်းလိုက်တာ!

"ဒါနဲ့ မင်း သီချင်းရေးတတ်တယ်လား"

သူက ကျွန်တော့်ဘေး မနီးမဝေးနေရာတွင် ထိုင်လိုက်ကာ ပက်လက်လန်လျက်သား စာအုပ်လေးကို ပိတ်လိုက်ပြီး ဂစ်တာကို ဆွဲယူလိုက်သည်။

"ခင်ဗျား C.Y.Park ကို သိလား??"

"သိတာပေါ့!"

C.Y.Park ဟူသည်မှာ အမေရိကန်နိုင်ငံက နာမည်ရ composer တစ်ဦးဖြစ်သည်။
အရမ်းနာမည်ကြီးသည်တော့မဟုတ်သော်ငြား သူ ရေးသည့် သီချင်းတော်တော်များများကို ကျွန်တော် သဘောကျသည်မို့ သိနေခြင်းပင်။

ခု SM Entertainment က သူနှင့် စာချုပ်ချုပ်လိုက်ပြီဟု ကြားသေး၏။

"ကျွန်တော်က C.Y.Park လေ"

ChanYeol စကားကြောင့် ကျွန်တော် မျက်မှောင်ကြုတ်ပစ်လိုက်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now