ထိုင်ချလိုက်ပြီးမှ ဘေးဘက်သို့ ကြည့်လိုက်သောအခါ ဂစ်တာနှင့် စာအုပ်လေးတစ်အုပ်ကို တွေ့ရ၏။
စာအုပ်လေးအား လှမ်းယူကြည့်ရာက သံစဉ် note များ ချရေးထားသည်ကို မြင်သောအခါ မျက်ခုံးများ သူ့အလိုလို ပင့်တက်သွားသည်။

အံမယ်!
ဒီကောင်လေးက သီချင်းရေးတတ်တယ်လား..

စာအုပ်ကို ဟိုလှန်သည်လှန်နှင့် ချရေးထားသော note များအား လျှောက်ကြည့်နေပါသော်လည်း နားမလည်။

နားမလည်ပဲ ဆက်ကြည့်နေလျှင် မထူးသည်မို့ စာအုပ်လေးကို ချကာ ဂစ်တာကို ပေါင်ပေါ် ဆွဲယူတင်လိုက်သည်။
နံ့သာရောင် ဂစ်တာလေးကို ထိကိုင်ကြည့်နေရင်းက ကျွန်တော် ပြုံးနေမိ၏။

စာရေးခြင်းကို ဝါသနာထုံသော်ငြား ဂီတအနုပညာကိုလည်း စိတ်ဝင်စားသည်။
ဂစ်တာကို တီးတတ်ချင်သော်လည်း မသင်ဖြစ်ပေ..။

ဂစ်တာကြိုးလေးများအား လက်ဖြင့် ကလိကြည့်နေကာ ထွက်လာသော တဒင်ဒင်အသံများကို သဘောကျစွာ ရယ်မိသေးသည်။

"ဟောလ်! သူများတကာရဲ့ အချစ်တော်ကို ရင်ခွင်ထဲ ထည့်ပြီး သဘောတွေကျနေတာ"

အနောက်ဘက်ဆီမှ ထွက်ပေါ်လာသည့် အသံသြရှရှကြောင့် ယောင်ယမ်းကာ ဂစ်တာလေးကို ဆိုဖာပေါ် ပစ်ချပြီး လှည့်ကြည့်လိုက်သည်။

ChanYeol သည် ခပ်လှမ်းလှမ်းမှာ လက်ပိုက်ကာ မတ်တပ်ရပ်နေ၏။
ဒီအတိုင်း အသံကြားလို့သာ လှည့်ကြည့်လိုက်သော်ငြား လူကို တွေ့ရသောအခါ ငေးခနဲပင် ဖြစ်သွားသည်ကို ဝန်မခံလို့မရ။

ယခင်က ဂုတ်ပေါ်ထိ ကျနေသော ဆံပင်ရှည်များ ရှိမနေတော့..။
စတိုင်ကျကျ လှန်တင်ထားသော ဆံပင်တိုရှင်းရှင်းနှင့်လည်း ChanYeol ဟာ စိတ်တိုစရာကောင်းလောက်အောင် သိပ်ကို ချောမောနေပြန်သည်။

"ရော့!"

ပြောပြောဆိုဆိုနှင့် ကျွန်တော့်ဘေးနားသို့ အထုပ်တစ်ထုပ် ပစ်ချပေးလိုက်သည်။
ဘာအထုပ်လဲ ကြည့်လိုက်ရာက အထုပ်ပေါ် တံဆိပ်နှိပ်ထားသော Pizza Hill ဟူသော စကားလုံးကို တွေ့လိုက်ရသောအခါတွင် အသည်းထဲနှလုံးထဲ အူထဲကလီစာထဲကပါ လှိုက်၍ ဝမ်းသာသွားရ၏။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now