"ကိုယ်ပိုင်ကားမှ မဝယ်နိုင်သေးတာ HyeJung ရယ်.."

"အံမယ်! နာမည်ကြီးစာရေးဆရာကလည်း"

နှုတ်ခမ်းလေး စူပွပွနှင့် သူမကို ကျွန်တော် ငေးကောင်းကောင်းနှင့် ငေးနေလိုက်သည်။
သူမကို ကြည့်နေရင်းက KyungSoo ကို ဘာမဆိုင်ညာမဆိုင် သတိရသွားသေး၏။

အောင်မလေး..!
KyungSoo သာ ChanYeol သူ့ညီမကို မချစ်ပဲ တွဲတာသိလျှင်တော့လား။
လူပုဆံတိုစိတ်လက်တစ်ဆစ်ကောင်က ChanYeol ကို အရပ်မမှီတောင် ခုံခုပြီး ခေါင်းကို ရိုက်ခွဲမှာ အသေအချာပင်။

Park ChanYeol အစား တွေးမိပြီး ခေါင်းတောင် ကျိန်းလာသလို။

"သွားပြီနော် Oppa!" 

လမ်းထိပ်သို့ ရောက်သောအခါတွင် သူမက လမ်း၏အခြားတစ်ဖက်စီ ခွဲထွက်သွားရတော့မည်မို့ ကျွန်တော့်ကို လက်ကလေးခါရမ်းရင်း နှုတ်ဆက်သည်။

ကျွန်တော်လည်း အပြုံးကြီးကြီး ပြုံးပြကာ လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်၏။

သူမကို ပိုင်ရှင်ရှိနေပြီဟု သတ်မှတ်ရမှာလား မသတ်မှတ်ရဘူးလားမသိ။
လက်လျှော့လိုက်ရမလား၊ ဆက်မျှော်လင့်ရမလားလည်းမသိ။

Park Chan အကြောတင်း Yeol ဟာ ဘယ်လိုတွေးတောပြီး ဘာတွေကြံစည်နေသလဲလေ...

💫💫💫

စာမူအပ်ပြီး JongIn တို့ လှမ်းခေါ်နေသည်ကို ပလစ်ကာ အိမ်သို့သာ တန်းပြန်လာခဲ့လိုက်သည်။

အိမ်ပြန်ရောက်သောအခါ တံခါးဝ၌ ဖိနပ်ချွတ်နေရင်းကနေ အိမ်ထဲသို့ ဝေ့ဝိုက်ကြည့်ကာ အကဲခတ်မိ၏။

အိမ်၏ ဒီဇိုင်းကာလာဘာညာအနေအထားဟာဆိုရင်ဖြင့် Park ChanYeol အိမ်မှာ ရှိမနေကြောင်း ဖော်ပြနေသလို..။

မီးဖိုချောင်ဆီသွားကာ အမောပြေ ရေတစ်ငုံလောက် မော့သောက်လိုက်ပြီး အဝတ်အစားမလဲချင်သေးသည်မို့ အခန်းထဲ တန်းမဝင်သေးပဲ ဧည့်ခန်းက ဆိုဖာမှာ သွားထိုင်လိုက်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now