* အခုချိန်ကစပြီး ကျွန်တော်နဲ့ ပတ်သက်တာပဲ ခင်ဗျား ခေါင်းထဲ ထည့်ရမယ် *

"Aish!!!!!!"

သောက် Park Chan ကျက်သရေတုံး Yeol!
ဒင်းက ကျွန်တော့်အပေါ် ကျိန်စာများ ချသွားလေသလား။

စောင့်ကြည့်နေလိုက် Park ChanYeol!
မင်းအကြောင်းလည်း ခေါင်းထဲ လုံးဝမထည့်ဘူး!
မင်းကိုလည်း ဘယ်တော့မှ ပြန်မကြိုက်ဘူး!
ဟွင်း!!!! ငါ ရူးနေမှပဲ မင်းကို ပြန်ကြိုက်မယ်!

💫💫💫

မနေ့ကမှ ပြီးစီးသွားခဲ့သော စာမူလေးအား ထုတ်ဝေသူဆီအပ်ရန် ထွက်လာသည့်လမ်း၌ HyeJung နှင့် ဆုံမိလေသည်။

ကျွန်တော့်ကို တွေ့သောအခါတွင် ဝမ်းပန်းတသာနှင့် ပြုံးပြနှုတ်ဆက်သော သူမကို ကြည့်ပြီး ကျွန်တော်သည်လည်း အရူးလို ပြုံးနေမိသည်။

သူမလေးက ကျွန်တော့်ဆီဦးတည်၍ ခပ်မြန်မြန်လျှောက်လှမ်းလာသောအခါ ကျွန်တော်သည်လည်း သူမဆီ ခပ်မြန်မြန်လျှောက်သွားရ၏။

"BaekHyun Oppa! ဘယ်သွားမလို့လဲ?"

အမြဲလို ပြုံးရွှင်သွက်လက်နေသော သူမကို မြင်ရလျှင် ရင်ထဲ အေးချမ်းသည်။
အေးစက်စက် Park ChanYeol ဟာ သူမကိုဆိုလျှင်တော့ ကြင်နာပေးလောက်ပါ၏..
ဒီလောက် ချစ်စရာကောင်းသည့် မိန်းကလေးကို ကျွန်တော့်ကြောင့်နှင့် တွဲတာဆိုလျှင်တော့ သူ ရူးနေတာပဲဖြစ်မှာ။

"စာမူသွားအပ်မလို့.. HyeJung ကရော? ဘယ်သွားမလို့လဲ?"

ChanYeol နှင့် HyeJung အကြောင်း တွေးမိတော့ ရင်ဘတ်ထဲ လေးလံလာသလိုပင်..။
မည်သို့မည်ပုံ ခံစားနေရသည်မသိသော်လည်း ရင်ထဲ နေလို့သိပ်မကောင်း။

ကြည်လင်ဝင်းဖန့်နေသော သူမမျက်နှာနုနုကို ကြည့်လိုက်ပြန်တော့လည်း ကျန်တာအရာအားလုံး မေ့သွားသလိုပင်။

"အမေ နေမကောင်းလို့ Oppa! ဒီလမ်းထိပ်က ဆိုင်မှာ ဆေးသွားဝယ်မလို့လေ။ Oppa က ခုချိန်ထိ ဘတ်စ်ကား စီးတုန်းလား"

HyeJung က မျက်မှောင်လေးကြုံ့ကာ ပြောလာ၏။
စာမူသွားအပ်ဖို့ဟုပြောထားသည့် ကျွန်တော် မည်သို့ဦးတည်နေသည်ကို သူမ ခန့်မှန်းနိုင်သည်မို့ စာအုပ်တိုက်သို့ ကျွန်တော် ဘယ်လိုသွားမလဲသူမ သိပုံရပါ၏။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now