ဘာလို့ရယ်မသိ.. ChanYeol နှင့် မျက်နှာချင်းကို မဆိုင်ချင်။
သူနှင့်တွေ့ရမှာကို မျက်နှာပူနေမိသည်။
နောက်ပြီး စိတ်တိုတာကြောင့်လည်း ပါ၏။
သကောင့်သားလေးကလည်း ဖွင့်သာပြောထားပါရဲ့။
ကျွန်တော် သူ့ကို သိသိသာသာကြီး ရှောင်နေလည်း နည်းနည်းပါးပါး လိုက်ရောမည်မရှိ။
ကျွန်တော့်အား သောက်ဖက်ကို မလုပ်ပေ။
အခန်းတံခါးပိတ်ကာ စာရေးနေချိန် သူများအခန်းတံခါးလာခေါက်လေမလား တွေးမိသော်လည်း ဒင်းကတော့ တစ်ခေါက်လေးတောင် ရောက်မလာ။
အခန်းတံခါးဝမပြောနှင့်.. အိမ်ထဲမှာတောင် ရှိနေရဲ့လားမသိ။
ကျွန်တော် အရင်က သိခဲ့ဖူးသည့် ဆယ့်တစ်နှစ်သား Park ChanYeol နှင့် ယခု Park ChanYeol တို့ဟာ တော်တော်ကြီးကို မအပ်စပ်သည်မို့ တစ်ခါတရံ ရင်းနှီးသလိုခံစားရသော်ငြား အချိန်အများစုဟာ သူနှင့်ပတ်သက်လျှင် စိမ်းသက်နေသလို။
သူ့အပေါ် ဘာမရိုးမသားစိတ်မှ ရှိမနေသော်လည်း အနည်းငယ်လောက်တော့ သူနှင့် ပတ်သက်၍ စိတ်ဝင်တစားရှိလာသည်။
ChanYeol နှင့် မျက်နှာချင်းမဆိုင်မိအောင်သာ ရှောင်နေပေမယ့် သူ့ SNS acc များထဲ မကြာခဏ ဝင်ကြည့်ဖြစ်နေ၏။
အကြောတင်းကိုယ်တော်ဟာ selfie တစ်ပုံမှတင်ထားခြင်းမရှိ..
ရှုခင်းများနှင့် ပစ္စည်းအချို့ပုံတို့ကိုသာ တိုနံ့နံ့ caption များနှင့် တွဲဖက်တင်ထားသည်။
LGBT ဆိုတာမျိုးကို လက်ခံသည်တော့ မဟုတ်သော်ငြား ဆန့်တော့မဆန့်ကျင်ပါ။
လူသားနှစ်ဦး ချစ်ကြိုက်ကြခြင်းမှာ သဘာဝကျတာ မကျတာတွေ ကျွန်တော် ထည့်မတွက်။
တက္ကသိုလ်မှာတုန်းကလည်း အသိယောက်ျားလေးတစ်ယောက်ဆီက ဖွင့်ပြောခြင်း ခံခဲ့ရဖူးပါ၏။
သို့ပေမယ့် အဲ့ဒီတုန်းကတော့ ကျွန်တော် ထိုတစ်ယောက်နှင့်ပတ်သက်၍ သိပ်အရေးတယူ မရှိခဲ့ပါ။
Park ChanYeol ကိုတော့ နည်းနည်း အရေးတယူရှိခြင်းမှာ ညီအရင်းလေးတစ်ယောက်လို သံယောဇဉ် တွယ်မိတာကြောင့် ဖြစ်လိမ့်မည်ထင်သည်။
ထားတော့!
မျက်စိစုံမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်း အရှူ အထုတ်လုပ်ပြီးနောက် စိတ်အာရုံကို ပြန်လည်စုစည်း၍ စာဆက်ရေးမည် ပြင်လိုက်သည်။
VOUS LISEZ
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 8 장✨
Depuis le début
