ချက်ချင်းပင် ထိုင်နေရာက ထပြေးလာကာ အခန်းထဲ ပြေးဝင်၍ ချက်ချပစ်လိုက်၏။
တံခါးကို ကျောမှီထား၍ တဒုန်းဒုန်းခုန်နေသော ရင်ဘတ်ကို လက်ဖြင့် အသာစမ်းမိသည်။

ဘာလို့ရင်တွေဒီလောက်ခုန်နေတာလဲ?
တကယ်ပဲ.. ဘာဖြစ်သွားတာလဲ??

ခဏတာလေး စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားတာနေမှာ..
လူတစ်ယောက်ကို သဘောကျဖို့ဆိုတာ ဒီလောက်လွယ်တာမဟုတ်။

ရင်ခုန်ရုံလောက်လေးနှင့်တော့ သဘောကျသည်ဟု သတ်မှတ်ရလောက်အောင် မရှင်းလင်းဘူးမဟုတ်လား...

🌟MY SPECIAL MAN🌟

Chapter Seven Ends ✏

နောက်အလှည့်ကတော့ J&H ပါနော်။
ခရီးသွားဖို့ရှိတာကြောင့် ထုံးစံအတိုင်း update ကတော့ နောက်သုံးလေးရက်နေမှပဲ 😁

Byun Baek pizza စားတဲ့အပိုင်းကို တံတွေးအခါခါမြိုချပြီး ရေးရတယ်။
pizza အရမ်းစားချင်နေတာ~
တို့မစားရတော့သူ့ပဲ ကျွေးလိုက်တယ် 😪

(CMB ကို Eng lyrics ကနေ ဘာသာပြန်လိုက်တာမို့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပါနော်)

Luv ya all~~ 😍😘

#ChanBaekLove
EternalChanBaek

Unicode

Byun BaekHyun's pov :

-- လမ်းကလေး၏ တစ်ဖက်တစ်ချက်စီတွင် အမျိုးအစားစုံလင်သော သစ်ပင်များ စီတန်းပေါက်ရောက်နေပြီး လမ်းတလျှောက်လုံး ရော်ရွက်ဝါများနှင့် မျက်စိပဒေသာဖြစ်လှသည်။

ထိုလမ်းကလေးပေါ် သူမနှင့် ယှဉ်တွဲလျှောက်လှမ်းနေရသည်မို့ JiYong စိတ်ထဲ တိမ်စိုင်များပေါ် လျှောက်လှမ်းနေရသကဲ့သို့ပင် ပေါ့ပါးမြူ းထူးလျက်။

နေသူရိန်ကလည်း သူမတစ်ဦးတည်းပေါ်တွင်သာ ရောင်ခြည်လင်းတန်းများ ဖြာကျနေသလား။
JiYong စိတ်ထဲ ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး ပျောက်ကွယ်ကာ သူမသာလျှင် လင်းလက်တောက်ပနေသည်။

ရောက်ရှိနေသော နေရာဒေသဟာ ရိုမန့်တစ်ဖြစ်ကာ လှပနေသည့်ပြင် သူတို့နှစ်ဦး၏ အနေအထားသည်လည်း အချစ်တစ်ခုကို ဖွင့်ဟဝန်ခံဖို့အတွက် အလွန်သင့်တော်သော အနေအထားပင်ဖြစ်၏။ ထို့အပြင် ရာသီဥတုသည်လည်း ကြည်လင်သာယာနေသည်မို့ အခြေအနေအရပ်ရပ်က JiYong ကို အားပေးနေသလိုပင်..။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now