LOV 3

296 38 12
                                    

ငြင်းမရတဲ့အဆုံး သူ့အိမ်​ကိုလိုက်​​နေတာ​တောင်​၃ရက်​ရှိ​နေပြီ ပိုပြီးတိတိကျကျ​ပြောရမယ်​ဆို ကျွန်​​တော်​​တို့ တွဲတာ၁ပတ်​ပြည့်​ပြီ

ထူးခြားမှုမရှိ အရင်​အတိုင်း

အဲ. . .မနက်​ဆို alarm သံအစားသူ့အသံ​လေးနဲ့ထရတာကလွဲလို့​ပေါ့

ဒီ​နေ့ကအလုပ်​လုပ်​​နေတဲ့စား​သောက်​ဆိုင်​ပိတ်​​တော့ အလုပ်​မရှိ သူ့အိမ်​မှာတစ်​​ယောက်​ထဲ

အိမ်​​ပေါ်​ခေါ်တင်​တဲ့အတွက်​​ရော သူငယ်​ချင်းတစ်​​ယောက်​လိုရှိ​နေ​ပေးတာအတွက်​ ​ကျေးဇူးဆပ်​​သောအားဖြင့်​ ဟင်းချက်​​ကျွေးမယ်​စိတ်​ကူးပြီး ကြက်​ဥလိပ်​​ကြော်​မလို့ ကြက်​ဥ​ခေါက်​​နေတုန်း ခါး​ပေါ်ကိုကြလာတဲ့လက်​တစ်​ဖက်

"OhHun?လန့်​​အောင်​မလုပ်​ပါနဲ့ကွ
သွား​ရေချိုး​ ငါအားတုန်းထမင်းချက်​​ကျွေးချင်​လို့ ငါ့မ​နှောင့်​ယှက်​စမ်းနဲ့"

ဖက်​ထားတဲ့လက်​ကိုဖယ်​ရင်း​ပြော​တော့ ပိုတင်းကြပ်​စွာဖက်​လာပြီး စကားတစ်​ခွန်းမှဆိုမလာတဲ့သူ​ကြောင့်​စိုးရိမ်​စွာလှည့်​ကြည့်​လိုက်​​တော့

မျက်​ရည်​​တွေပြည့်​ဝတဲ့မျက်​ဝန်းတစ်​စုံနဲ့ကြည့်​​နေတဲ့သူ

"OhHun ဘာဖြစ်​လာတာလဲဘယ်​​တွေသွား​နေမှန်းလဲမသိရဘဲနဲ့ ပြန်​​ရောက်​လာ​တော့ဒါကဘယ်​လိုရုပ်​လဲကွ"

"ဘယ်​သွားမှန်းကျွန်​​တော်​​ပြောသွားလို့ရ​အောင်​​ရော ကျွန်ေ​တာ်​ထွက်​တဲ့အချိန်​ခင်​ဗျားကအိမ်​မှာရှိ​နေလို့လား Chan"

"အဲ့တာကငါအလုပ်​​တွေရှိ​နေလို့​လေ"

"ဟက်​. . .အလုပ်​?မနက်​မိုးလင်းကတည်းက​နေည​​မှောင်​အထိလုပ်​တဲ့ခင်​ဗျားအလုပ်​​တွေက တိုက်​ခန်းဖိုး​တောင်​ရှိလို့လား"

"မင်းကဘာဆိုင်​လို့ငါ့အလုပ်​အထိလာပြီး​လှောင်​​နေရတာလဲ"

"ချစ်​သူ​တွေChan. . .ချစ်​သူ​တွေ"

ထိုအချိန်​ကျွန်​​တော့်​ပုံစံကလုံးဝရယ်​စရာ​ကောင်း​နေမှာ နှုတ်​ခမ်းတစ်​စုံကပွင့်​အာလို့...ဝိုင်းစက်​တဲ့မျက်​လုံး​တွေကဝိုင်းစက်​မှု​ကျော်​လွန်​ပြီးပြူထွက်​ကုန်​ပြီ... အထင်​ရှားဆုံးနားရွက်​ကားကားနှစ်​ဖက်​က​တော့နီရဲတွတ်​​နေပြီး...

You've reached the end of published parts.

⏰ Last updated: Jul 24, 2018 ⏰

Add this story to your Library to get notified about new parts!

Lead Or Villain Where stories live. Discover now