LOV 2

243 28 1
                                    

တွဲမယ်​လို့စ​ပြောခဲ့တဲ့​နေ့ရ ​ရေရရင်​ဒီ​နေ့က၄ရက်​​မြောက်​​နေ့ ဘာမှ​ထွေ​ထွေထူးထူးမရှိခဲ့ မရှိဆိုတာလဲသူက​ပျောက်​သွားလိုက်​တာ ကျွန်​​တော့်​ဆိုင်​ကိုပင်​မ​ရောက်

"Hyung"

ကျွန်​​တော့်​​နောက်​နားကကပ်​ပြီး​ခေါ်လိုက်​တဲ့အသံ​ကြောင့်​ရင်​ခုန်​သံများပင်​​ဗြောင်းဆန်​ကုန်​ပြီလားမသိ ကျွန်​​တော်​လှည့်​ကြည့်​လိုက်​​တော့ပြုံးရွှင်​စွာကြည့်​​နေတဲ့သူ့ကို​တွေ့ရသည်
"Aww. . .မင်းကိုး"

"တွဲမယ်​ဆိုတာ​နေ့စဉ်​အလုပ်​​တွေထဲမှာကျွနိ​တော့်​ကိုသတိရ​ပေးပါလို့​ပြောတာလဲပါတယ်​​နော်​"

"ဟားဟား. .မင်းဟာသ​တွေအရမ်း​ပြောတတ်​ပါလား ငါမင်းနာမည်​​တောင်​မသိရ​သေးဘဲ ဘယ်​သူဆိုပြီးသတိရ​နေမှာလဲ"

"Sehun. . .Oh.Se.Hun ကျွန်​​တော့်​နာမည်​ကOh Se Hunလို့ Hyungနာမည်​က​ရော"

တွဲပီး၎ရက်​ကြာမှနာမည်​မိတ်​ဆက်​တဲ့အတွဲကိုမမြင်​ဖူး​သေးဘူး ဆိုရင်​​တော့အဲ့တာကျွန်​​တော်​တို့ဖြစ်​လိမ့်​မယ်​လို့ယုံကြည်​ပါတယ်

"Chan Yeol. . .Park Chan Yeol"

"နာမည်​​လေးကလှတယ်​ ဒါ​ပေမဲ့ကျွန်​​တော်​က Chanလို့​တစ်​လုံးထဲ​ခေါ်လို့ဖြစ်​မလား"

"Chan...? Ok!ငါလဲမင်းကိုOhHunလို​ခေါ်မယ်​"

"ဟုတ်​ပါပြီ ဒါနဲ့Hyungဆိုင်​ကဘယ်​ချိန်​ပိတ်​မှာလဲ ကျွန်​​တော်​အိမ်​လိုက်​လည်​မလို့"

"အိမ်​​တော့မဟုတ်​ဘူး OhHun တိုက်​ခန်း
ငါကတိုက်​ခန်းငှါး​နေရတာ"

တစ်​သက်​လုံးက​နေလာတဲ့တိုက်​ခန်းဆိုတာကို​ပြောဖို့ဘာလို့ဆွံ့အ​နေတာပါလိမ့်​ ရှက်​လို့လား မာနနဲ့​ကြောင့်​လားမသိ​ပေမဲ့ ချက်​ချင်း​ပြောမထွက်​ခဲ့ဘူးဆိုတာ​တော့ကျွန်​​တော့ဝန်​ခံပါတယ်

"ဒါဆိုမလိုက်​​တော့ဘူးChan"

သူ့စကားကဘာမှဝမ်းနည်း​စေတာမပါဘဲကျွန်​​တော်​ဝမ်းနည်းမိတယ်​ ​ယောက်ျား​လေးတစ်​​ယောက်​ဖြစ်​ရဲ့နဲ့​ပေါ့

"အထုတ်​ထုတ်​ထားChan မနက်​ဖြန်​ကျွန်​​တော်​တို့တစ်​​နေရာ​ပြောင်းကြရ​အောင်​"

အံ့သြမိသူကကျွန်​​တော်

"ဘာရယ်​?ဘယ်​ကို​ပြောင်းမှာလဲ ငါ​ဈေးကြီးတဲ့တိုက်​ခန်း​တွေမတတ်​နိုင်​ဘူး OhHun"

"အာ Chan ကိုကျွန်​​တော်​ကပိုက်​ဆံ​ပေးရမယ်​မ​ပြောမိပါဘူး တစ်​လ​လောက်​ဖြစ်​ဖြစ်​​ငွေစုမိ​အောင်​ကျွန်​​တော့်​တိုက်​ခန်း​နေခိုင်းမလို့ပါ"

"ဘာလို့မင်းတိုက်​ခန်းလိုက်​​နေရမှာလဲ အဓိပ္ပါယ်​မရှိလိုက်​တာ"

"စကားများမ​နေပါနဲ့အ​ကြောင်းပြချက်​ကိုမနက်​ကျ​တော့​ပြောပြမယ်​ Ok?"

ဘာတတ်​နိုင်​မှာလဲ တွဲမယ်​ဆိုတာကလွဲပီးဘာမှမဖြစ်​​သေးတာ​တောင်​ ပိုင်းစိုးပိုက်​နယ်​​ပြော​နေတာကိုခံ​လေဦး​ပေါ့ Chanyeol​ရေ ခံဦးဟ

အဲ့​နေ့ကပြန်​​ရောက်​တဲ့အချိန်​ဟာ ၁၂​ကျော်​​နေပြီဖြစ်​​ပေမဲ့ ကျွန်​​တော်​အိပ်​မ​ပျော်​ခဲ့ပါဘူး တစတစဝင်​လာတဲ့သူ့အ​ကြောင်း​တွေ​တွေးရင်း​ပေါ့. . .

HELLO TO MYSELF. . . HELLO TO MYSELF

မနက်​တိုင်းကြားရ​တဲ့သီချင်းသံက ကျွန်​​တော်​တို့လို့နှုတ်​ဆက်​စရာမရှိတဲ့သူ​တွေအတွက်​အ​ကောင်းဆုံးသာ

ချက်​ချင်းဆိုသလိုထပြီး​ရေချိုးခန်းသွားလိုက်​တယ်

ပုံမှန်​တ​နေ့တာစပြီဆို​တော့ သတင်းစာပို့ရဦးမယ်​​လေ ​ပေါင်​မုန့်​တစ်​ချပ်​​ကောက်​ယူပြီး​အောင်​ဆင်းလာခဲ့တယ်

အောက်​​ရောက်​​တော့​တွေ့လိုက်​ရတဲ့​ကျောပြင်​ကျယ်​ကြီးတစ်​ခု

"OhHun?"

ခေါ်ခံရတဲ့သူကလှည့်​ကြည့်​လာခဲ့တယ်

"အိမ်​​ပြောင်းရ​အောင်​Chan". . .

TBC

ဆွဲ​ဆောင်​မှုမရှိတာလဲသိတယ်​ ရူး​ကြောင်​​ကြောင်​ဖြစ်​​နေတာလဲသိတယ်​ သိပ်​မကြာခင်​fic​ရေးချင်​တဲ့အရူးစိတ်​​လေး​ပျောက်​သွားရင်​ဖတ်​တဲ့သူ​တွေစိတ်​မရှုပ်​ရ​လေ​အောင်​ဖျက်​​ပေးပါ့မယ်​​နော်​ ဖတ်​​ပေးတဲ့သူအားလုံးကို​ကျေးဇူးတင်​ပါတယ်

#Chaewon

Lead Or Villain Where stories live. Discover now