ငြိမ်ခံတတ်တဲ့Kim Jongin

Start from the beginning
                                    

"​ပြော အလုပ်​ကိစ္စ "

"ဒါက ည​နေ အကျိုးတူပူး​ပေါင်းမယ့်​ projectအတွက်​ အ​သေးစိတ်​ အချက်​​တွေပါ "

Fileကို ယူလိုက်​ပြီး

"ဒါပဲမလား အခြားအ​ရေးမကြီးရင်​ ငါ့ရုံးခန်းတံခါးလာမ​ခေါက်​နဲ့ "

"Nae "

Jonginရုံးခန်းထဲပြန်​ဝင်​လာ​တော့
မျက်​လုံး​လေး​တွေ ပွတ်​လို့ က​လေးငယ်​က နိုး​နေပြီ

"နိုးသွားတာလား​ဘေဘီ ပြန်​အိပ်​လိုက်​ဦး​လေ "

Jonginဆိုဖာ​ပေါ်ဝင်​ထိုင်​လိုက်​ရင်း
ဘေဘီ့ ​ခေါင်းကို ​ပေါင်​​ပေါ်တင်​ကာ
လှဲ​စေပြီး
ဆံပင်​​လေး​တွေသပ်​​ပေး​နေမိသည်

"​တော်​ပြီ မအိပ်​​တော့ဘူး "

မအိပ်​​တော့ဘူးဆိုတဲ့ က​လေးက
Jongin​ပေါင်​​ပေါ်မှာ လှဲရင်း ဇိမ်​ခံ​နေ​သေးသည်

"​ဒီ​​​နေ့ည​နေ Ommonie က အိမ်​မှာ ညစာလာစားတဲ့ ခုပဲဖုန်းဆက်​တယ်​ ​ "

"Jinja Maလက်​ရာ​တွေ လွမ်း​နေတာ "

မျက်​လုံး​လေး​တွေ အ​ရောင်​လက်​လို့
အစားနဲ့ပတ်​သတ်​လာရင်​​တော့​လေ
ဒီက​လေးက မနိုင်​ဘူး

"​ဟုတ်​ပါပြီဗျာ အများကြီးစားခဲ့ "

"ဟင်​...ကိုကိုက မလိုက်​ဘူးလား "

"အင်း ည​နေ အလုပ်​ကိစ္စချိန်​ထားပြီးသားဖြစ်​​နေတယ်​ ​ဘေဘီရယ်​ "

"​ရတယ်​ ရတယ်​ ကိုကို့ကိုယ်​စား ​ဘေဘီက အများကြီး အားကြီး စားခဲ့မယ်​ "

ဘေဘီက ပြုံးကာ​ပြော​နေ​ပေမယ့်
Jonginကို လိုက်​​စေချင်​တာ
Jonginသိသည်

ဘေဘီက အခြား​နေရာမှာသာ
Jonginကို ဆိုးနွဲ့ချင်​ ဆိုးနွဲ့လိမ့်​မည်
Jonginရဲ့အလုပ်​ကိစ္စ​တွေမှာ​တော့
အမြဲဦးစား​ပေးတတ်​သည်​ နားလည်​​ပေးသည်

ဒါ​ကြောင့်​မို့လို့လည်း ဒီက​လေးကို
Jonginအချစ်​​တွေ ပိုရသည်​မဟုတ်​လား

"အင်း အများကြီးစားခဲ့ အလုပ်​ကိစ္စပြီးရင်
ဖုန်းဆက်​လိုက်​မယ်​ ကိုကို လာကြိုမယ်​ "

PreciousWhere stories live. Discover now