ဆက်နေပါက မျက်နှာပူစရာတွေချည်း
မြင်နေရမှာကို သိနေ၍~~~

" hyungပုတု သွားစိ "

" အွန်း ဖြေးဖြေးတိုက်ပေး "

ပြောရင်းမှ သွားဖြူ သေးသေးလေးတွေ
ပေါ်အောင်စိပေးရင်း မျက်လုံးလေးစုံမှိတ်ပေးတဲ့
Hyungပုတုကြောင့် jong inရယ်လိုက်မိသည်

အခုထိ ခါးပေါ်မှာ ခွထားတဲ့ ခြေထောက်တွေကို
မဖယ်ပေးသေး~~~

ဘေစင်ဘောင်ပေါ်လက်ထောက်ရင်း
ခေါင်းလေးမော့ကာ ငြိမ်ခံပေးနေသည်ကြောင့်
ဂရုတစိုက်ဖြင့် လုပ်ပေးနေမိသည်မှာ
ယုယမှုအပြည့်ဖြင့်...

လက်ထပ်ပြီးရင်လဲ ဒီလိုဘဲ လုပ်ပေးမှပါ~~

Hyungပုတုက ဇိမ်ခံနေရလျှင်
ကျေနပ်နေရောလေ

" ပြီးပြီ သွားကြမယ် "

" အင်း ချီသွားပါအုံး "

နှစ်ယောက်လုံးမျက်နှာသစ်ပြီး အပြင်ထွက်မည်
လုပ်တော့hyungပုတုက သူ့ကိုချီပါဟူ၍
ချွဲနေပြန်သည်။

ဆိုတော့ jong inလေးမှာ သဘောတကျနဲ့
လုံးတုံးတုံး ကိုယ်လုံးလေးကို ခါးထစ်ခွင်
ချီလိုက်ပြီး ကုတင်ပေါ်တင်ပေးလိုက်ရသည်။

ငြိမ်ငြိမ်လေးထိုင်ပြီး jong inကိုဘဲ
လိုက်ကြည့်နေတဲ့hyungပုတုကြောင့်
အူယားလာကာ မျက်နှာလိမ်းဆီကို
လက်မှာအသာပွတ်သပ်လိုက်ပြီး
ကုတင်ပေါ်တက်သွားလိုက်၏။

ထို့နောက် သွားလေးစိကာရယ်ရင်း
မျက်လုံးမှိတ်ထားပေးတဲ့hyungပုတုရဲ့
ဖြူ ဥဥမျက်နှာလေးကို အသာ
လိမ်းပေးနေမိသည်။

အားလုံးပြင်ဆင်ပြီးမှ အောက်သို့
ဆင်းလာခဲ့တော့ ဧည့်ခန်းထဲ ထိုင်စောင့်နေရတဲ့
မိဘတွေကိုတွေ့လိုက်၏။

" အကဲပိုတာတွေလျှော့ပြီး
ဒီမှာလာထိုင်ကြအုံး "

Jong inမေမေကလှမ်းခေါ်၍ သွားထိုင်ကြတဲ့အခါ hyungပုတုဟာ jong inပေါင်ပေါ်မှာဘဲ
တက်ထိုင်ပြန်သည်လေ။

" do kyung sooယွမနေနဲ့ အောက်ဆင်း "

Mr.Doပြောသော်လည်း kyung sooက
ငိုမဲ့မဲ့ရုပ်လေးနဲ့ခေါင်းခါပြသည်။

ထို့နောက် jong inရင်ခွင်ထဲ ပို၍တိုးထိုင်ရင်း
ဘာတွေကပ်ချွဲနေမှန်းမသိ...

" အန်ကယ်ဖေဖေ hyungပုတုကို
မအော်ပါနဲ့ jonginneပေါင်ပေါ်ထိုင်တာဘဲ
ဘာဖြစ်တာကြလို့ hummp"

အင်ခနဲ ပြောစရာမဲ့သွားရှာတဲ့ မိဘတွေကို
မျက်စောင်းတဝင့်ဝင့်နဲ့သာ ကြည့်ပေးလိုက်ပါ၏။

ဒီနေ့မှhyungပုတုကလဲ သိပ်ကိုချွဲနေတာ
ကြည့်ရတာ အိမ်ပြန်ခေါ်သွားမည်ဆိုး၍ထင့်
ပေါင်ပေါ်ကနေကိုမဆင်းတော့..
နိုးလာထဲက ဆက်တိုက်ချီပိုးနေရသည်လေ။

တစ်ခါတစ်ခါလဲ လည်ပင်းနားကို
မထိတထိတိုးကပ်ပြီး အိမ်ပြန်မလိုက်ဘူးနော်
ဟူ၍လဲ ပြောတတ်ပါသေးသည်။

" တွေ့နေရတာတွေက အချိုးကိုမပြေဘူး
ဒါတောင်မယူရသေးလို့ !!

ယူများပြီးလို့ကတော့အိမ်သက်သက်ထားရမယ်
မဟုတ်ရင် ကြင်စဦးတို့ထုံးစံအတိုင်း
ပလူးနေတာတွေမြင်နေရအုံးမှာ "

အွင်!!

အန်ကယ်ဖေဖေကလဲ ပြောချတာများ
အားကြီးနဲ့><

ပလူးတာမဟုတ်ဘဲ ချစ်တာဖြစ်ကြောင်းကို
သေချာသိသင့်သည်။

တကယ်ဘဲ ဒါလေးမြင်ရတာကို
မျက်စိစပါးမွှေးတွေစူးနေကြတယ်hummp,

" ဒါ့ထက် လက်ထပ်ဖို့ကို မြန်မြန်လုပ်ပေး
မခွဲနိုင်တော့ဘူး ခုလိုတွေ
လာမခေါ်ဖို့ စိတ်ချရအောင် မြန်မြန်
လက်ထပ်မှဖြစ်မယ် "

" အမလေးဟဲ့ သိတယ် ဒီလိုပြောမယ်ဆိုတာ
ပူမနေနဲ့ လက်ထပ်ဖို့က နောက်နှစ်ရက်နေတာနဲ့
လုပ်မယ် ဒီကြားထဲ လိုအပ်တာတွေ
အကုန်စီစဉ်ပေးပြီးသား "

" ဟုတ်လား ဒါဆိုပြီးရောလေ "

ဟိဟိ လက်ထပ်ရတော့မယ်TT

" baby! ဗိုက်ဆာနေပြီ "

လက်တုတ်တုတ်လေးတွေက jong inပါးကို
အသာထိတွေ့ပြီး သတိပေးလေတော့မှ..
ပြောလက်စစကားကို့ကိုရပ်ကာ hyungပုတုကို
ထမင်းကျွေးဖို့ ပြာယာခတ်ရတော့သည်။

Jonginneရဲ့hyungပုတုက ဗိုက်ဆာနေပြီကိုး

အဖြစ်သည်းနေကြတယ်ဆိုတဲ့
မိဘတွေစကားကို မကြားဟန်ပြုရင်း
Hyungပုတုကိုသာ ဂရုတစိုက်ဖြင့်
ထမင်းခွံ့ကျွေးနေလိုက်သည်။

ချစ်လှစွာသောhyungပုတုကလဲ
ကလေးလေးလိုလုပ်ရင်း jong inကို
ကပ်ချွဲကာ ခိုင်းစားနေတော့သည်လေ။

ချစ်တော့လဲ...
လိုအပ်တာမှန်သမျှ
ဖြည့်ဆည်းပေးချင်ကြတာဘဲပေါ့လေ....

TBC~~~

Jong baby&kyung kokoWhere stories live. Discover now