ပူအိုက်သော.နေ့လယ်ခင်း အချိန်ခါတွင်
ဖုန်းတုန်ခါသံကြောင့် ညီနိုင် ဆတ်ခနဲ နိုးလာသည်။သူရဲ့ အိပ်ရာဘေးက နိုကီရာ ကီးပတ် ဖုန်းလေးကအဆက်မပြတ်လှုပ်နေသည်။သူ ကိုင်ပြီး နားထောင်လိုက်တော့ ရင်းနှှီးသော
သူတွေ့ချင်နေသည့် လူတစ်ယောက်
အသံကြားလိုက်ရသည်။'ညီ...ဘာလို့ ကော်ဖီ ဆိုင်....မလာတာလဲ
ညီ့ကို..အသစ်ထွက်တဲ့ ဘာသာပြန်
စာအုပ်ပေးမလို့ အစ်ကို စောင့်နေတာ...နှစ်ရက်ရှိပြီ...ညီ မလာဘူး..'ညီနိုူင် လာချင်ပါသည်။သို့သော် မလာရဲပါ။ဦးလေးငယ် မသွားရဆိုသည့်နေရာကို သူ မသွားရဲပါ။ဦးလေးငယ်ကို သူ မလွန်ဆန်ရဲပါ။ဒါကြောင့် သူ့အိပ်ခန်းကျဉ်းလေးထဲပဲ အောင်းနေရင်း
အချိန်ကုန် ဖြတ်သန်းနေရသည်။'ခု လာခဲ့နော်...ညီ...အစ်ကို ညနေ ၅ နာရီထိ
စောင့်နေမယ်..'သူ ဘာမှ ပြန်မပြောမိ။ငူငူကြီး ထိုင်နေမိသည်။သူ သွားချင်သည်။မသွားရဲတာလည်း.ဖြစ်နေသည်။ထို့နောက် သူ အိပ်ပေါ်ထပ် တက်ကာ သွားကြည့်တော့ ဦးလေးငယ် မရှိတော့။
အလုပ်သွားပြီ ထင်ရသည်။ထိုအခါ
ညီနိုင်လည်း ကသုတ်ကရုတ်ဖြင့် အိမ်မှ
ပြေးထွက်သွားတော့သည်။_==____==___
သူ စောင့်နေတာ ကြာပြီ ဖြစ်သည်။စောစောကတင် ကောင်လေးကို သူ ဖုန်းဆက်ထားသည်။ကောင်လေးအသံက နွမ်းလျနေသည်။အားမရှိသလိုပင်။
ဒါကိုကြားတော့ သူ ပိုပြီး.စိတ်ပူမိသည်။ညီနိုင်ဆိုတဲ့.ကောင်လေးကို သူ စတွေ့ထဲက ခင်မိသည်။သူ့ မျက်လုံး ပြူ းကြောင်လေးများသည်
လည်းကောင်း၊ရယ်တတ်လျှင် ပေါ်သော
သွားစွယ်လေးများသည်လည်းကောင်း
၊ပါးချို့င့်လေးသည် လည်းကောင်း ညီနိုင့်ကို
ပိုပြီး ချစ်ဖို့ ကောင်းသည့် အပြစ်ကင်းသော
ကလေးငယ် တစ်ဦးနှယ် ဖြစ်စေသည်။တစ်ကယ်လည်း ယုန်သူငယ်လေးလို ကြောက်လန့်တတ်ပုံရသည်။သူနဲ့ခင်စကလည်း
.စကားသိပ်မပြောဘဲ ကြောက်နေသည်။
သူ့ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုနဲ့
ထိတ်လန့်စိုးရွံ့မှုတို့ကို မင်းသူ အမြဲ
မြင်နေရသည်။အားငယ်တတ်ပုံလည်းရသည်။