Part-2

503 54 12
                                    

နောက်ရက်တနင်္ဂနွေတွင်တော့ ရာသီဥတုက
ဂျူ လိုင်လရောက်နေသော်ငြားလည်း မိုးရိပ်မိုးဆင် မရှိဘဲ ကောင်းကင်တစ်ခွင် ကြည်လင်လျက်ရှိသည်။အိမ်နဲ့ မဝေးသော သည် ၇၆ လမ်းရှိ Daily Coffee ကော်ဖီဆိုင်သို့ မနက်ခင်း ၉ နာရီတိတိတွင် ညီနိုင်ရောက်ရှိလာသည်။ မနက် ၈ နာရီခွဲတိတိတွင် ဒီဆိုင်လေး ဖွင့်သည်။

စနေ၊တနင်္ဂနွေရက်များတွင် ပထမဆုံး လာတတ်တဲ့ ဧည့်သည်သည် လတ်တေးတစ်ခွက် နို့များများဟု စကားထစ်ထစ်နဲ့ မှာတတ်သည့် ဆံရှည်ကုပ်ဝဲနဲ့ မျက်လုံးဝိုင်းစက်စက်တွေကို
မျက်မှန် ဝိုင်းဝိုင်းကြီးအောက် အုပ်ထားသော
ကောင်ချောလေးတစ်ယောက်မှန်း ဆိုင်က
အစ်မပင် အလွတ်ရ မှတ်မိနေသည်။ထိုကောင်ချောလေးသည် အပတ်တို်င်းလို တီရှပ်လက်ရှည် ပွပွများ ဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီခပ်ပွပွ အရောင်မှိုင်းတို့သည် သူ ဝတ်နေကျ အရာများပင်။အသားဖြူ သော်လည်း သူနဲ့ မလိုက်ဖကိသော အရောင်မှိုင်းများကို ဝတ်ဆင်တတ်သူလေး ဖြစ်သည်။စိုက်ကြည့်လျှင် မျက်လုံးဝိုင်းလေးက ပြူ းပြူ းလာတတ်ပြီး
ပြုံ းလျှင် ပါးဖောင်းဖောင်းထက်မှာ ပါးချိုင့်လေးတွေ က သူ့ကို ပိုပြီး ချစ်ရာ ကောင်လေးဖြစ်စေသည်။

ဆိုင်ထဲဝင်သည်နှင့် မင်္ဂလာပါရှင့်ဟု နှုတ်ဆက်သော ဆိုင်ကောင်တာက အစ်မကို ပြန်ကာ မင်္ဂလာပါ ခင်ဗျဟု ထစ်ထစ်နဲ့ ဖြည်းဖြည်းချင်း ပြန်နှုတ်ဆက်တတ်သည်။ပြီးလျှင် သူရဲ့ သောက်နေကျ နို့များများ လတ်တေးကို မှာသည်။ ထောင့် အစွန်ဆုံးက သစ်သားစားပွဲ ဝါကြန့်ကြန့်လေးဆီမှာ ထိုင်သည်။အလယ်တွင် တင်ထားတတ်သော အစိမ်းရောင် နွယ်ပင်လေးကို ဘေးကို နည်းနည်း တိုးပေးသည်။

သူ့လက်ထဲက ကိုင်လာသော စာအုပ်ကို ချသည်။ ပြီးတော့ ကြားထဲ ညှပ်ကာ ဖတ်ရာနေရာကို မှတ်ထားသည့် စာရွက်ကတ်ပြားလေးရှိရာကို လှန်သည်။ကတ်ပြားလေးကို ဘေးချသည်။စာ စဖတ်ပြန်သည်။ဒါ ညီနိုင်ရဲ့ လုပ်နေကျ ဖြစ်သည်။ညနေ စောင်းခါနီးမှ ကတ်ပြားလေးကို ဖတ်ပြီးသည့်နေရာတွင် ထပ်ညှပ်ကာ စားပွဲက ထလေ့ရှိသည်။တစ်ခါတစ်ရံ
်အပေါ့ပါးသွားရန်မှ တစ်ပါး မနက်ခင်းမှ ညနေစောင်းထိ ညီနိုင်သည် စားပွဲမှ တစ်ချက်မှ မရွေ့

့နေ့လယ်စာကိုလည်း နို့ ပေါင်မုန့်ကြမ်းလေး
တစ်ခုသာ မှာစားတတ်သည်။ထို့နောက် သူ့စာကို ဆက်ဖတ်သည်။

Coffee ShopΌπου ζουν οι ιστορίες. Ανακάλυψε τώρα