ဒီနေ့လည်း.သူ၏ ထုံးစံအတိုင်း အစွန်ဆုံး စားပွြ ခုံတွင် ထိုင်ကာ စာရွက်ကို စလှန်ပြီး ဖတ်သည်။သို့ပေမဲ့ ယခင်နေ့ကလို မဟုတ်ဘဲ နာရီ ခဏခဏ ကြည့်မိသည်။

ခဏနေကြည့်မိတော့ သူရဲ့ Casio နာရီလက်တဲ့လေးက ၉ နာရီ ခွဲခါနီး ငါးမိနစ် အလိုကို
ပြနေသည်။

ချလွင် ချလွင် အသံနဲ့အတူ လက်ကိုင် ခေါင်းလောင်းလေးများ လှုပ်ရမ်းသွားပြီး Daily Coffee ကော်ဖီဆိုင်ရဲ့ ဒုတိယမြောက်ဧည့်သည် ဝင်လာပြန်သည်။ ရှည်လျားသောအရပ်က ပိန်သွယ်သော ကိုယ်ခန္ဓာကို ဂလန်ဂလား
မဖြစ်စေဘဲ မျှတသော ဘော်ဒီပိုင်ရှင်
ဖြစ်နေစေသည်။နက်ပြာရောင် အင်္ကျ ီပေါ်တွင် အဖြူရောင် အစက်လုံးသေးတွေ ပါသည့် ရှပ်လက်ရှည်ကို စတိုင်ပန်ဘောင်းဘီထဲ
ထည့်ဝတ်ထားသည်။အနက်ရောင် ခါးပတ်နှင့် အနက်ရောင် ဘောင်းဘီရှည်က တစ်သားတည်း။ပြောင်လက်နေသော ရှူ းအနက်ကလည်း
တစိဆက်တည်းလိုပင်။

ကိုမင်းသူနိုင်က သူ့ကို ပြုံးပြကာ စားပွဲတွင် ဝင်ထိုင်သည်။သူလည်း ပြန်ပြုံးပြဖို့ ကြိုးစားသည်။သူ့အပြုံးက ပီသရဲ့လား သူ ကိုယ်တိုင် ညီနိုင်တစ်ယောက် သေချာ မသိ။

'မင်း...ငါ့.စာအုပ်ကို ဘတ်သွားပြီ လားလို့ကွာ'

ကိုမင်းသူက ရယ်ရင်း ပြောသည်။သူ ရယ်တော့ ဖြူပြီး ပုလဲတန်းလို ညီနေသော သွားအဖွေးသားကို ညီနိုင် ငေးမောကြည့်မိသည်။

'ဟာ....မဟုတ်...ဟုတ်...ရ..ပါဘူး...အစ်ကို....မင်း..သူ...နိုင်...'
.

'ညီ....က....ပြန်ပေး...မလို့........ပါ..'

ကိုမင်းသူက သူပြောတာကို ဆုံးအောင်
နားထောင်သည်။ပြုံးနေတော့ သူ့ မှဲ့နက်လေးကပါ အပေါ်ကို ကြွတက်နေသယောင်
ထင်ရသည်။အစ်က်ု့ိ နှုတ်ခမ်းပါးလေးတွေက
လှတယ်ဟု သူ ထင်မိသည်။

'အစ်ကို မင်းသူနိူင်လို့...တနံတလျား.
.မခေါ်နေနဲ့ ညီ...
အစ်ကို ခေါ်ရင် ရပါတယ်ကွ'

သူက ခေါင်းညိတ်ပြလိုက်သည်။ပြီးတော့ ရယ်ကျဲကျဲ လုပ်ပြလိုက်သည်။

'ငါ့ညီ ပါးချိုင့်နဲ့ သွားတက်လေးတွေက ချစ်ဖို့ ကောင်းတာပဲ....ဟား..ဟ...ကောင်မလေးတွေတော့.ဝိုင်းလည်နေမှာပဲ...ဟုတ်တယ်မလား...'

Coffee ShopWhere stories live. Discover now