Ko Ko Jong 💕 7

582 62 0
                                    

Ko Ko Jong...

မင်္ဂလာခန်းမထဲမဝင်ခင် နာရီဝက်လောက်အလို အလှပြင်ခန်းထဲ လက်အချင်းချင်းကို ပွတ်ပြီး ခေါက်တုပ်ခေါက်ပြန်လျှောက်နေတဲ့ Kyungsoo

ပြသနာက ခန်းမထဲမှာရှိနေသည်....

"Kyungsooရယ် ငြိမ်ငြိမ်လေးထိုင်နေပါလား ၊ မင်းကြည့်ရတာ မူးလာပြီ "

၁၅မိနစ်လောက် လမ်းလျှောက်နေတဲ့ သူ့ကို သူငယ်ချင်းတွေက အမြင်ကတ်လာပြီထင်သည် ၊ ထိုင်နေဖို့တောင် ပြောလာပြီ ၊ ရင်ထဲပူနေတဲ့အပူကို ကိုယ်တိုင်သာ သိသည်။
ခုနက Minseok လာပြောသွားတဲ့ စကားက
ကိုယ့်ကို စိတ်ပူတာထက် ကျော်လွန်စေသည်၊

"ခန်းမထဲမှာ မင်းရဲ့ရည်းစားဟောင်းတွေ ရောက်နေတယ် ၊ ဘယ်ဘက်ခြမ်းရဲ့ နောက်ဘက် ခန်းမအဝင်ဝလောက်မှာ အပြည့်အဝနေရာယူထားတယ်"

"ဘာ ...သူတို့ကို ဘယ်သူက ဖိတ်လို့ရောက်နေတာလဲ ? ဘယ်သူဖိတ်လိုက်တာလဲ ?"

ဒေါသသံနဲ့မေးနေတဲ့ကိုယ့်ကို ငြိမ်သွားစေတဲ့ စကား.....

"မင်းရဲ့ကိုကိုဂျုံ ဖိတ်ထားတာ "

ဘာသဘောနဲ့လဲဆိုတာ အရင်မစဉ်းစားအား ၊

ကိုကိုဂျုံ...

သူ....သူထွက်သွားရင် ၊ ဟုတ်တယ်... သူထွက်သွားမှာ ကျွန်တော်ကြောက်တယ်..
အရင်တုန်းက ကျွန်တော်ရှစ်နှစ်သားလောက်တုန်းက

•••••••••••••••••••••••••••••••••••••••••••••••••
Flack black....

"Noonaက ချောတယ်နော် ဆံပင်ကလဲ အရှည်ကြီးနဲ့ သားတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ ommaပြီးရင် noonaက အချောဆုံးဘဲ သိလား ၊"

"Aigoo..Kyungsooလေးက စကားတတ်လိုက်တာ ကြည့်စမ်း...ပြောပါဦး
ဘာစားချင်လဲ?"

"ဘာမှမစားချင်ပါဖူး ၊ သားနဲ့တွဲမလား noona?"

"Ha ha ဟုတ်ပါပြီ၊ တွဲပါ့မယ် ချစ်စရာလေးကွာ
ကလေးက ။"

"ဒီနေ့ကစပြီး သားတို့ arnyii ...ကျွန်တော်တို့က
ရည်းစားတွေ ဖြစ်သွားပြီပေါ့နော်"

"အင်းပေါ့ ဟောဒီ့က Kyungsooလေးနဲ့ noonaက ရည်းစားတွေဖြစ်သွားပြီ ဟုတ်ပြီလား"

Ko Ko jong 💕Where stories live. Discover now