Ko Ko Jong 💕 4

610 65 2
                                    

Ko Ko Jong...

အိမ်ရှေ့ကားရပ်လိုက်တာနဲ့ လုံးခနဲ အိမ်ထဲပြေးဝင်သွားတော့ ဒီကလူက နောက်ကလိုက်ရပြန်သည်၊ ထင်တဲ့အတိုင်းဘဲ သူ့ommaကို ပြေးပြီး လက်ထပ်ပွဲကို မလုပ်ဖို့ အတင်းကပ်ပြီး ပူဆာနေလေရဲ့ ၊

"အယ်... သားဘဲ ကတိပေးထားပြီးတော့ အဲ့လိုမလုပ်ရဖူးလေ Jonginလေးကို အားနာစရာကြီးကွယ် "

ကိုယ့်ကို အားနာလို့ထင်ပါရဲ့ ၊ တိုးတိုးတိတ်တိတ်နဲ့ သူ့ommaက ရှင်းပြနေသည်၊ သားအမိနှစ်ယောက် စကားဝိုင်းထဲ ဝင်ထိုင်မလို့ ရှိသေး Do ommaက လူဆိုးလေးအခန်းကို သွားကြည့်ချင် ကြည့်လေဆိုပြီး ခွင့်ပြုလေရဲ့ ၊

အင်း.....သွားကြည့်ရမှာပေါ့ မတွေ့ရတဲ့နှစ်တွေမှာ ဒီကလေး ပြောင်းလဲသွားတာများ ရှိလား? ဒါမှမဟုတ်.. ချစ်ရသူတွေဘာတွေများ... Hak..အဲ့လိုသာဆို ဒီကကောင်ကြီး အရင်သေမှာ..

အပေါ်ထပ်တတ်လာတော့ လှေကားဘေးက  ပင်ကွင်းမိသားစုပုံလေး ကပ်ထားတဲ့အခန်း... သေချာတာကတော့ လူဆိုးလေး... ကိုယ့်အပေါ် သံယောဇဉ်ရှိသေးသည် ၊ကိုယ်ဆွဲပေးထားတဲ့ပုံလေကို အခုထိ သူ့အခန်းရှေ့မှာ ချိတ်ထားတုန်း.. ဒီပုံလေးကို သူတအားသဘောကျတာ.....

အခန်းတံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ တခန်းလုံးလိုလိုမှာ သူ့ဓာတ်ပုံတွေအပြည့်...အဲ့ပုံတွေ အကုန်လုံးကို ကိုကိုဂျုံ မြင်ပြီးပြီဆို လူဆိုးလေး ရယ်မလား? အဆက်အသွယ်လဲ မရှိဘဲနဲ့ဆိုပြီး လှောင်ရယ်မှာ သေချာသည်၊
အင်းးး နိုင်ငံခြားထွက်သွားပြီဆိုတာနဲ့ လူဆိုးလေးနဲ့ အဆက်အသွယ်ဖြတ်ခဲ့လိုက်သည်၊

ဘာလို့ဆို...
သူ့ကို မြင်တာနဲ့ သူ့ဘေးနားကို ချက်ချင်းပြန်လာမိမှာစိုးလို့.. သူမသိပါဖူး
သူ့ကိုသာ အဆက်အသွယ်မလုပ်တာ.. တနေ့တနေ့ ကိုယ့်မှာ အိမ်က ညီကိုရော ommaတို့ကိုရော သူ့အကြောင်းတွေကို မေးရတာအမော ..

အရင်လို အင်္ကျီတွေကို လုံးချေပြီး ဘီဒိုထဲများ ထိုးထည့်ထားမလား?
အတွေးနဲ့အတူ ဘီဒိုတံခါးကို ဖွင့်ကြည့်လိုက်တော့ ခြေထောက်အောက်ကို ပုံကျလာတဲ့ အင်္ကျီတွေ ...
တစ်ထည်စီ ဖြန့်ကြည့်လိုက်တော့ လည်ပင်းဟိုက်တဲ့အကျီင်္တွေ...ဘောင်းဘီကလဲ ဟိုဖြဲဒီဖြဲလုပ်ထားတဲ့ ဘောင်းဘီတွေ... ဟင်းး.. မဖြစ်သေးပါဖူး...အကုန်လွှင့်ပစ်ဦးမှပါ၊

Ko Ko jong 💕Where stories live. Discover now