Ko Ko Jong 💕 2..

708 67 1
                                    

Ko Ko Jong...

Jongdae hyung လာပေးတဲ့ ခွက်ကို မော့ပြီးထဲက လူက ဘယ်လိုဖြစ်နေမှန်းမသိ ၊ မျက်လုံးကို မဖွင့်ချင်တော့ဖူး... သောက်တာများ များသွားတာလား မဖြစ်နိုင်ပါဖူး အရင်ကဆို ဒီထက်တောင် သောက်သေးတာ မမူးပါဖူး...
အခုတော့...အိပ်ချင် ....အင်း....အိပ်တော့မယ် နော်...

"ဟာ.. Kyung ထဦး ထဦးလေကွာ...ဘယ်လိုဖြစ်တာလဲဟ အစောကြီးမှောက်သွားတာလား.."

Kyungကို နှိုးနေတုန်း ရုတ်တရပ် Kyungကိုလာပွေ့ချီလိုက်တဲ့ လူတစ်ယောက်ကြောင့် Baekရော သူပါလန့်သွားရသည်၊ လာပွေ့တဲ့ လူကိုသေချာကြည့်တော့မှ hyung... နိုင်ငံခြားကနေ နောက်တပတ်မှ ပြန်လာမယ်ဆိုတဲ့ hyungက အခုဘယ်လိုလုပ်.....

"Min...ဆက်မသောက်နဲ့တော့နော် Chen ya...
သေချာအိမ်လိုက်ပို့ဦးနော်.... သွားတော့မယ်"

ပြောပြီးတာနဲ့ထွက်သွားဖို့ပြင်နေတော့ Kyungကို ဘယ်ခေါ်သွားမှာလဲ ဆိုတာ အမြန်လှမ်းမေးလိုက်ရသေးတယ် ၊ အေးဆေးပြန်ဖြေလာတဲ့ hyungစကားက လူဆိုးလေးကို အပြစ်ပေးမလို့တဲ့ ၊ စိတ်တွေလဲ ညစ်ပါတယ်..... Baekဆို ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်နေလေရဲ့၊ တဇွတ်ထိုးလုပ်တတ်တဲ့နှစ်ယောက်ကြားထဲ ဘာလုပ်လို့လုပ်ရမလဲ မသိ ၊ Kyung ya..miyanae ငါ့hyungကြောင့် မင်းတော့ရေတိမ်နစ်ပြီ ၊ ...

"ကဲပါ.... သိပ်လဲစိတ်ပူမနေပါနဲ့ ၊ သူတို့နှစ်ယောက် အဆင်ပြေမှာပါ၊ လူကြီးချင်းလဲ သဘောတူထားတာဘဲကို... လာ.... ပြန်ရအောင်နော်... ထ..."

လူယုတ်မာကြီး... ဒင်းကြောင့် ကျွန်တော့်သူငယ်ချင်းလူပျိုနုနုထွတ်ထွတ်လေး hyungလက်ထဲပါသွားတာ ၊....မကျေနပ်ဖူး....
စိတ်တိုတိုနဲ့ ကုန်းကိုက်လိုက်တာ.. Chenရဲ့လက်တောင် ပေါက်သွားတယ် ၊ကိုက်ပြီးမှ စိတ်တောင်မကောင်းဖူး...အို...ဘာဖြစ်ဖြစ် မကောင်းတဲ့လူကြီးတွေ...

***

အင်း....နွေးတယ် အိနေတာဘဲ... Omma မွေ့ယာအသစ်လဲပေးထားတာ ဖြစ်ရမယ်၊ အိနေတဲ့ အိပ်ယာကြောင့် တစ်ပတ်လည်အောင် လှိမ့်ပစ်လိုက်တယ် ၊ ဖွင့်ထားတဲ့ ပြတင်းပေါက်က နေရောင်က မျက်နှာလာထိုးနေတော့ မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လိုက်ရသေးသည် ၊

Ko Ko jong 💕Onde as histórias ganham vida. Descobre agora