" အင်! "

သူ့ကိုအူယားပြီး သဘောတကျပြုံးမိတာကို
လူယုတ်မာအပြုံးလို့ခေါင်းစဉ်တပ်ပစ်တယ်..

တကယ်ကြီး ကြောက်နေရှာတာဘဲ ဟဟ
ကြောက်လက်စနဲ့ဖြဲခြောက်လိုက်ရ ကောင်းမယ်

အတွေးနဲ့အတူ hyungပုတု ချီးကျူးသလိုဘဲ
လူယုတ်မာအပြုံးကို ပီပီပြင်ပြင်ကြီး ပြုံးလိုက်ပြီး
Hyungပုတုထိုင်နေရာဆီ တစ်လှမ်းချင်း..
တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

ဖြူ စုတ်လာပြီဖြစ်တဲ့hyungပုတုရဲ့မျက်နှာဟာ
ဒါတောင်ချစ်စရာကောင်းနေတုန်းဘဲ><

" ဘာ ဘာလာလုပ်တာလဲkim jong in"

စကားတွေပင်တုန်ယင်လို့ ကုတင်ပေါ်
တစ်ရွေ့ရွေ့နဲ့နောက်ဆုတ်ကာ သွားတဲ့
Hyungပုတုကြောက်နေပုံကို
အရသာခံကြည့်နေလိုက်သည်။

" မလာနဲ့နော် သေနာကောင်
မင်းငါ့ကို မဟုတ်တာလုပ်ရင် ငါ့ကိုငါ
တစ်ခုခုလုပ်ပစ်မှာ "

Ekk!dramaဆန်လိုက်တာ><
ရုပ်ရှင်ထဲမှာဗီလိန်လူဆိုးက မင်းသမီးကို
စော်ကားမယ်ကြံရင် မင်းသမီးပြောနေကြ
Dialogueတွေ ဟူးးးးး

ခက်တာက kim jong inဟာလဲ
ဗီလိန်မဟုတ်သလို do kyung sooကလဲ
မင်းသမီးမဟုတ်။အဲ့ဒါကို လျှောက်ပြီး
အတွေးလွန်နေတယ် ဟဟ။

အောက်ထပ်မှာမိဘတွေရှိတာကို
Kim jong inကသောက်ရူးမို့လို့
Hyungပုတုကို အနိုင်ကျင့်ရမှာလား?

မသကာ လက်ထပ်ပြီးသွားရင်တော့
တစ်မျိုးပေါ့ အဟင်း>_<

" အီးးးး လူယုတ်မာကောင် ဖယ်စမ်း "

Hyungပုတုရဲ့ကိုယ်ပေါ် အုပ်မိုးထားတော့
ထွက်လာတဲ့လေသံပိစိလေး~~

မျက်နှာလေးကို ရှုံ့မဲ့ထားသည်က
ချစ်စရာကောင်းလိုက်တာ။နှာတံလုံးလုံးလေးကို
အနီးကပ်မြင်နေရသည်ကလဲ သမာဓိတွေ
ယိုင်နဲ့ချင်စရာ..

စချင်စိတ်နဲ့ ခုလိုလုပ်လိုက်တာဖြစ်သော်လည်း
တကယ်တမ်း ရင်တွေခုန်ပြီး စိတ်ဖောက်ပြန်
ချင်လာတာလဲသူသာ~~~

ခပ်ဖွဖွလေး နှာတံလုံးလုံးကို ထိငုံလိုက်တော့
အိခနဲအသံသေးလေးနဲ့ hyungပုတုက
ငြိမ်ကျသွားရှာသည်။

Jong baby&kyung kokoWhere stories live. Discover now