" hyungပုတုရာ ချွေးထွက်နေပါတယ်ဆို "

" အဲ့ဒါ ငါကဘာလုပ်ရမှာတုန်း "

" jonginneကို ချွေးသုတ်ပေးလေ "

နှုတ်ခမ်းလေးပိုစူရင်း လာအီနေတဲ့jong in..

ရုပ်ကိုက ဝက်ဝံရုပ်ကြီးနဲ့!!
ဘာမှ ချစ်စရာမကောင်းဘဲနဲ့^ _ ^

" လက်မပါဘူးလား ကိုယ့်ဘာသာသုတ်လေ "

" hyungပုတုကလဲ စိမ်းကားလိုက်တာ
မကြာခင်ဘဲ လက်ထပ်ရတော့မဲ့
သတို့သားလောင်းလေးကို ကြင်ကြင်နာနာ
ဆက်ဆံပါဗျ "

" ဝက်ဝံကောင် မင်းအပေါက်ကိုပိတ်စမ်း "

စိတ်တိုတိုနှင့်အော်ပြောလိုက်တော့
မချိုမချဉ်ရုပ်နဲ့ သူ့လက်လေးတစ်ဖက်ဖြင့်
ပါးစပ်ကိုအသာပိတ်ထားသလို..

နောက်လက်တစ်ဖက်ကလဲ ဖင်ကို ပိတ်ထား
ပါသေးသည်။

တယ် ဒီစောင်ကလေး သက်သက်မဲ့
မျက်ခွက်ပြောင်နေတယ်...

" kim jong in!, စိတ်တိုအောင်
ဆွနေတာလား? "

" ဟားဟား hyungပုတုရာ
Jonginneက ချစ်လို့စတာကို ကြည့်စမ်း
စိတ်တိုသွားတယ်လား? "

မသာကောင်><
လူကို သူ့အငယ်များမှတ်နေသလား
လိုက်စနေပုံကိုက မခိုးမခန့်နဲ့။

ဒါပါဘဲ ပြောင်းလဲသွားတဲ့ အရာတွေထဲ
သူနဲ့kyung soo၏ အမူအကျင့်တွေလဲပါသည်

ငယ်ငယ်က kyung kokoဟု ခေါ်နေကြ
နာမ်စားတစ်ခုနေရာမှာ အခုတော့
Hyungပုတုဆိုပြီး ဖြစ်သွားရသလို

Jong babyဟူသော နာမနေရာ၌လဲ
Kim jong inဟူသည်က အစားထိုးသွားသည်။
ဘာက ဘယ်လိုပြောင်းလဲသွားတာလဲဟု
ဆိုရင်တော့ အဲ့ဒီ့သောက်ကလေးကိုသာ
လက်ညှိုးထိုးပြရပါလိမ့်မည်။

ငယ်ငယ်က ဘာရယ်မဟုတ် ပေးဖူးတဲ့
ကတိကို အမှတ်အတေးထားပြီး
သံယောဇဉ်ကို အရောင်ပြောင်းချင်တဲ့
အဲ့ဒီ့ကလေးကြောင့်ပါဘဲ။

Jong inကို kyung sooထက် အရပ်မြင့်ရင်
အတူနေကြမည်ဟု ကတိပေးဖူးခဲ့ခြင်းဟာ
ဤကဲ့သို့ အရာအားလုံးကို ပြောင်းလဲစေခဲ့ခြင်း.

ကလေးအရွယ်က ယုံတမ်းစကားတွေကို
Kim jong inက အသုံးချပြီး
Do kyung sooကို ဖမ်းစားဖို့
ကြံစည်တော့တာဖြစ်သည်။

Jong baby&kyung kokoWhere stories live. Discover now