နိုင်​ငံ့မိခင်​ဖြစ်​လာမယ့်​သူ အဖြစ်​​ရွေးချယ်​ဖို့လုပ်​တာဟာ
တော်​ဝင်​မျိုးနွယ်​ကို​စော်​ကားတာပဲ!"
"သူက အနိမ့်​စားမျိုးနွယ်​လည်းမဟုတ်​ဘူး..
အချစ်​​တော်​​ အဆင့်​ပဲထားရ​လောက်​​အောင်
သူ့ကို​ရွေးချယ်​ခဲ့တာမဟုတ်​ဘူး
သူက ကျ​နော့်​လက်​တွဲ​ဖော်
ကျ​နော့်​အနာဂတ်​​တွေကို တူတူဖြတ်​သန်းမယ့်​လူ!"
မနူးမနပ်​​လေး​တွေများ ချစ်​တတ်​​နေလိုက်​တာ
မင်း​ပြောတဲ့အချစ်​က ဘာမှသုံးစားမရဘူးကွယ်​..
မယ့်​မယ့်​သား​တော်​​လေး...
ကိုယ်​က အရာရာ​ပေးဆပ်​ပြီး ချစ်​တာ​တောင်
သူ့ရဲ့အချစ်​​တွေက တခြားလူအတွက်​ဖြစ်​သွား
တတ်​တာမျိုး...
"ဘယ်​လိုလူုဖြစ်​​နေပါ​စေ လက်​မခံနိုင်​ဘူး
အမိန့်​ကိုနာခံပါ
ညမှကျင်းပမယ့်​ ကြိုဆိုပွဲအတွက်​ ပြင်​ဆင်​ထားပါ
သွားနိုင်​ပြီ"
"သူက ပြစ်​ချက်​​လေးတစ်​ခု​တောင်​မရှိတဲ့က​လေး
အရမ်းဖြူစင်​လွန်းတယ်​...
ယော..ကျ.."
"ထွက်​သွား! လာစမ်း အ​စောင့်​​တွေ
မင်းသားကို အ​ဆောင်​ပြန်​ပို့လိုက်​"
အ​စောင့်​နှစ်​​ယောက်​ဆွဲ​ခေါ်ရာ အတင်းတွန်းထိုးပြီး
ပါသွားတဲ့သား​တော်​...
အဲ့က​လေးကို တကယ်​ကြီးကို ချစ်​​နေတာပဲ..
ဒီအတိုင်းထားလို့မဖြစ်​​တော့ဘူး..
အခုလည်းကြည့်​..
အဲ့က​လေးက ​ယောက်ျား​လေးတစ်​​ယောက်
်​ဆိုတာ​တောင်​ အမှန်​အတိုင်း​​ပြောမယ့်​စကားကို
ကမန်းကတန်းတားလိုက်​ရတယ်​..
ဒီကိစ္စကို အပြတ်​ရှင်းပစ်​ရမယ်​!
________________________________
________________
မသွားဘူးလုပ်​​နေတဲ့ မင်းသားကို အတင်းဆွဲ​ခေါ်လာရတယ်​...
ငါ့အဖြစ်​ကလည်း ဒီမင်းသားနဲ့မှ ဖတ်​ဖတ်​ကို​မော..
"မင်းသားနည်းနည်း​လေး​တော့ ပြုံး​တော်​မူပါ
မိဖုရား​လောင်း​တွေလန့်​​နေပါ့မယ်​ဘုရား"