Byun BaekHyun အပေါ် ထားသည့် ချစ်ခြင်းမေတ္တာဟာ မပျက်ပြယ်ခဲ့တာမို့ BaekHyun နှင့် ကျွန်တော်ဟာ ရှေးရှေးဘဝကတည်းက အထုံပါလာခဲ့သည့် ဖူးစာဖက်များဟူ၍ပင် တထစ်ချသတ်မှတ်ပစ်လိုက်သည်။
✨✨✨
အဆက်အသွယ်မရှိခဲ့ဟု ဆိုရာတွင် ဆက်သွယ်ဖို့ နည်းလမ်းလုံးဝမရှိခဲ့သည်မဟုတ်။
သူ သုံးသမျှ SNS အကောင့်အကုန် ကျွန်တော် သိသည်။
သူ တင်သမျှ ဓာတ်ပုံမှန်သမျှ save သည်..
သူ လုပ်သမျှ activity အကုန် stalk သည်။
SNS ကနေတစ်ဆင့် သူ့အပေါင်းအသင်း၊ သူ့နေထိုင်ပုံ၊ စသဖြင့် ရှစ်နှစ်တာလုံးလုံး ကျွန်တော် သူ့ကို စောင့်ကြည့်နေခဲ့ပါ၏။
တစ်နေ့တွင် ကြိမ်ဖန်များစွာ သူ၏ Instagram ကို ဝင်ကြည့်ဖြစ်သော်လည်း message button ဆီ လက်က ရမ်းယောင်၍ပင် မနှိပ်မိခဲ့။
တမင်သက်သက်ကို အဆက်အသွယ် ဖြတ်တောက်ထားပစ်ခဲ့သည်။
သူ ကျွန်တော့်အပေါ် ထားသည့် မေတ္တာသည် ပကတိဖြူ စင်သည်။
အသက်ဆယ့်တစ်နှစ်အရွယ် ချာတိတ်လေးတစ်ယောက်အတွက် သူ့မှာ ထူးခြားသည့်ခံစားချက်များ ရှိမနေခြင်းဟာ သဘာဝကျပါ၏။
သို့ရာတွင် ကျွန်တော့်ကိုပေးထားသည့် သူ၏ ဖြူ ဖြူ စင်စင်မေတ္တာကို ကျွန်တော်က အရောင်ဆိုးပစ်ဖို့ ရည်ရွယ်သည်။
အချိန်အကြာကြီး အဆက်အသွယ် မလုပ်ပဲ ပစ်ထားလျှင် ညီလေးတစ်ယောက်လို သဘောထားသော သူ့သံယောဇဉ်သည် လျော့ပါးသွားလိမ့်မည်..
ကျွန်တော် အသက်အရွယ်ကြီးပြင်းလာသည့် အချိန်တွင် သူ့မှတ်ဥာဏ်ထဲရှိနေသည့် ပုံတုံးတုံးချာတိတ်လေးဟူသော ပုံရိပ်နှင့် လုံးဝကွဲပြားခြားနားသည့်စွာ သူ့ရှေ့သို့ ပြန်သွားကာ သူ့ရင်ထဲက ကျွန်တော့်အား ညီငယ်လေးဟူသော သတ်မှတ်ချက်ကို ဖျက်ဆီးမည်။
ဒါဟာ သူ့အဖြူ ရောင်မေတ္တာကို အရောင်ဆိုးမည့် ကျွန်တော့်စီမံကိန်း။
✨✨✨
ကနေဒါတွင် တက္ကသိုလ်ဆက်မတက်ပဲ ကိုရီးယားနိုင်ငံကို ပြန်မည်ဟု မိဘနှစ်ပါးအား အသိပေးပြောဆိုသောအခါ မိဘနှစ်ပါးလုံး ဆန့်ကျင်ကန့်ကွက်ခြင်းမပြု။
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 7 장✨
Start from the beginning
