စိတ်ဆိုးတတ်တဲ့Kim Jongin

Magsimula sa umpisa
                                    

"​ဘေဘီ အခုတ​လောထမင်း​တွေ သိပ်​မစားပါလားက​လေး ​နေလို့မ​ကောင်​ဘူးလား "

အ​ပြောနဲ့အတူ Kyungsooနှဖူးပြင်​ကို ကျ​ရောက်​လာတဲ့ လက်​ဖဝါးပြင်

"arni မဆာလို့ပါ "

"Baekhyunတို့နဲ့ အခုတ​လော ​လျှောက်​လည်​တာ ရက်​​တွေစိပ်​လာတယ်​​နော်​​ဘေဘီ အပြင်​စာ​တွေ စိတ်​ကြိုက်​စား​နေတာပဲ
ဟုတ်​လား အဲ့တာ​ကြောင့်​ အခုထမင်း​တွေ မစားချင်​တာ​ပေါ့ "

"အပြင်​စာက ဘာဖြစ်​လို့လဲကိုကို
ဘေဘီ့စိတ်​ကြိုက်​စားချင်​တာစားမှာ​ပေါ့
ကိုကို ဘာလို့လိုက်​ချုပ်​ခြယ်​​နေတာလဲ! "

အံသြသလိုကြည့်​​နေတဲ့ ကိုကို့ကို
ထားခဲ့ကာ Kyungsooအခန်းထဲ ဝင်​လာခဲ့တယ်

ဘာလို့လဲ! ​နေရာတကာ ​ကိုကို့စိတ်​တိုင်းကျချည်းပဲ ...!

Kyungsooဘဝက မိန်းက​လေးဖြစ်​တဲ့Jira​လောက်​​တောင်
မလွတ်​လပ်​ပါ

Jiraဆို ​နေ့ရက်​တိုင်း သူစားချင်​တာ သူသွားချင်​တဲ့​နေရာမှန်​သမျှ
အကုန်​ စိတ်​တိုင်းကျပဲ

Kyungsooမှာ​တော့
အရာရာ ကိုကို့စိတ်​တိုင်းကျ
ကိုယ့်​စိတ်​နဲ့သူ့ကိုယ်​ဖြစ်​​နေသည်​။

"​ဘေဘီ....ကိုကို့က​လေး​လေး စိတ်​​ကောက်​သွားတာလား "

အခန်းထဲကို လိုက်​ဝင်​လာကာ
Kyungsoo​ဆံပင်​​တွေ ဖွရင်းပြုံးလို့....

အဲ့တာ​တွေ Kyungsooကို ကိုကိုက က​လေး​လေးလို အမြဲဆက်​ဆံတယ်

Jiraနဲ့ဆို Kyungsooက အားကိုးရတဲ့​ယောက်ျားသားတစ်​​ယောက်​ ဖြစ်​သည်

တကယ်​ဆို Kyungsooက ကိုကို့ရဲ့ အားထားရတဲ့တိုင်​ပင်​​ဖော်​တိုင်​ပင်​ဖက်​ လက်​တွဲ​ဖော်​​ကောင်းတစ်​​ယောက်​ဖြစ်​ချင်​တာ

"​ဘေဘီ​လေ မုန်းလာပြီ ..."

ဒီစကားကို Kyungsoo ကိုကို့မျက်​ဝန်း​တွေကို စိုက်​ကြည့်​ရင်း​ပြော​တော့

ကိုကို့အပြုံး​တွေ ရပ်​တန့်​ကုန်​သည်
မျက်​ဝန်းနက်​နက်​​တို့ အစွန်​အဖျား​တွေ နီ​စွေးလာသည်

PreciousTahanan ng mga kuwento. Tumuklas ngayon