20. Broken Promises

1.2K 165 13
                                    

" And thank you for your part in my journey. "

• Episode 20 •
Scattered Memories

လေတွေ တိုက်နေတယ်။
ဖန်တီးခဲ့ဖူးသမျှ အမှတ်တရအပိုင်းအစအကုန်
လွင့်စင်လုဆဲဆဲပဲ။

ခါတိုင်းလို အရောင်အသွေး မကြွယ်ဝတဲ့ မိုးကောင်းကင်ပြင်ကျယ်ကြီးတစ်ခု ပျင်းတိပျင်းရွဲ အိပ်စက်နေတာကို အခွင့်ကောင်းယူပြီး

ပျော်ရွှင်စရာ အဆုံးသတ်တစ်ခုကို ရွေးချယ်ပေးရကောင်းနိုးနိုး
နာကျင်စရာ အဆုံးသတ်တစ်ခုကို ရွေးချယ်ပေးရကောင်းနိုးနိုးနဲ့
ကံကြမ္မာဟာ
လေအဟုန်ကို ငြိမ့်ညောင်းစွာ ခိုစီးရင်း ကျွန်တော့်ခြေလှမ်းတစ်စုံနောက်က တိတ်တိတ်ကလေး ကပ်ပါလာတယ်။

အမှတ်တမဲ့ ကျွန်တော် လှည့်ကြည့်ရင်
ချောင်အကွယ်မှာ ခပ်မြန်မြန် ဝင်ပုန်းအောင်းရင်း ...။
ထိပ်တိုက်ရင်ဆိုင်ဖို့ ကျွန်တော် အော်ခေါ်ရင်
အပြည့်အဝ နားပင်းနေတဲ့ သတ္တဝါတစ်ကောင် အယောင် ဖျတ်ခနဲ ဆောင်ရင်း ...။

အကြိမ်ကြိမ်အခါခါ ခေါ်ဆိုနေလည်း တစ်ခေါက်ကလေးတောင်တုံ့ပြန်ဖို့ အားမသန်တဲ့ ဖုန်းဖြေသံတွေကြား
အခြား တစ်စုံတစ်ဦးဆီ အပြစ်အားလုံး လွှဲမချခင်
ကိုယ့်ကိုကိုယ်သာအရင်
မုန်းမုန်းတီးတီး ကျိန်ဆဲမိတယ်။

အရှိန်အဟုန်နဲ့ ဖြတ်ပြေးသွားတဲ့ ကားအစင်းပေါင်းမြောက်မြားစွာကို စက္ကန့်ပိုင်းအတွင်း ဘယ်လိုနည်းနဲ့ ကျော်လွန်ရကောင်းမလဲ စဉ်းစားရခက်နေတုန်းရှိသေး

ဝေခနဲ မှုန်ဝါးသွားတဲ့ အမြင်အာရုံတွေ ...။

ရောက်လက်စနေရာမှာ ခြေထောက်တစ်စုံ ပုံပျက်ပန်းပျက် ဆိုင်းငံ့ရင်း

တစ်ခဏချင်းမှာပဲ မူးနောက်မှုက မခံမရပ်နိုင်တဲ့အထိ ပြင်းထန်လာတယ်။

အကာအကွယ် မရှိတဲ့ လမ်းမအနီးမှာ ဒီလို ဖြစ်နေရင် အန္တရာယ် သိပ်များတာမို့လို့၊ ကြောက်ကြောက်လန့်လန့် မှိတ်ချထားမိတဲ့ မျက်ဝန်းနှစ်ဖက်ကို ဖြည်းဖြည်းချင်း ပြန်ဖွင့်ပြီး မြင်ရလိုမြင်ရငြား ဘေးဘီဝဲယာဆီ လှမ်းကြည့်မိတယ်။

A Fairytale Never Told (Completed)Where stories live. Discover now