06. Mysterious Sadness

1.9K 240 34
                                    

" The moment when I realized I have to let go of your hand, which I wanted to hold so bad. "

• Episode 6 •
The hand that doesn't fit in mine

မျက်ဝန်းတစ်စုံထဲ ဇွတ်အတင်း ထိုးဖောက်လာတဲ့ ခဲပြာရောင် အကြည့်တစ်ချက်။

တရွေ့ရွေ့ ခရီးနှင်ဆဲ လက်ချောင်းများဟာတော့
အေးစက်စက် ပါးပြင်တစ်ဖက်ကို အကြောင်းမဲ့ သိမ်းပိုက်တယ်။

" ဘာ.. ဘာလို့ ... "

ကော့ညွတ်သွားတဲ့ သူ့ နှုတ်ခမ်းလွှာရဲ့ ဖြားယောင်းမှုကြောင့်
နှလုံးသားတစ်စုံလုံး ပူနွေးရင်း
ဆိုလက်စ စကားလုံးတစ်ချို့ပင်
လေဟာနယ်ထဲ အမှုန်အစများအဖြစ် ပျံ့ကျဲသွားလျက်။

" မျက်လုံး .... "

ရစ်ဝဲနေသော မျက်ရည်ကြည်တွေ မပျောက်ဆုံးသေးသည့်တိုင်
တောက်ပလင်းလက်စွာ ပြုံးနေတဲ့ သူ။

" .... "

" ပြန် မြင်ရပြီ .... "

ကြောက်လန့်မှုတွေ နှိပ်စက်လို့ တဆတ်ဆတ် တုန်ယင်နေတဲ့ လူတစ်ယောက်ဟာ
တစ်ဦးတစ်ယောက် အကူအညီ မပါဘဲ ကြောက်လန့်မှုကို အနိုင် ပိုင်းလိုက်နိုင်စဉ် ပျော်ရွှင်မှုတစ်ခုက နှလုံးထားထဲ ဦးစွာ သက်ရောက်လာသကဲ့သို့ ...

သူကိုယ်တိုင် သိမယ် မထင်ဘဲ သူ့ကိုယ်လုံးက ကျွန်မဆီ တစ်စထက်တစ်စ ပို တိုးကပ်လာနေသလို
ကျွန်မ ပါးပေါ်မှ သူ့လက်ဖဝါးတစ်ဖက်ကိုလည်း အမှတ်တမဲ့ပင် ရုတ်သိမ်း မသွားသေး။

အပျော်တွေ တမင် ကူးစက်အောင် ဖန်တီးနေတာလား ဘာလား ?

သူ ဒီလို ရယ်နေတာကိုတော့
ပထမဆုံးအနေနဲ့ မျက်ဝါးထင်ထင် မြင်ဖူးခြင်းပဲ။

" ကြည့်ပါလား ကျွန်မ ဘာပြောလဲ !
ခဏကြာ ပြန်မြင်ရမှာပါလို့ ပြောတယ်မှတ်လား ? "

အရိုးရှင်းဆုံး ပြန်လည် ပြုံးရယ်ပြလိုက်မိခါမှ
သူ ဘာလုပ်မိထားသလဲ
သူ့ဘာသာသူ သတိ ဝင်သွားသဖွယ်
ဖျတ်ခနဲ တည်တံ့သွားတဲ့ မျက်နှာကြီးကတစ်ဆင့် လက်ချောင်းတွေဟာလည်း ယောင်မှားစွာ အဝေးသို့ တပ်ဆုတ်သွားရဲ့။

A Fairytale Never Told (Completed)Where stories live. Discover now