"နင်ဘာလုပ်တတ်လို့လဲ...နင်ဘာလုပ်နိုင်လို့လဲ...ရှာပေးတာသုံးပြီးလူပါးမဝနဲ့......"
ထေ့ငေါ့ပြီးမေးခဲ့တဲ့အမေးတွေက....အခု ဒုက္ခိတ ဖြစ်နေတဲ့ကိုယ့်အတွက်ကိုယ် ကြိုတင်ပြီးမေးခဲ့သလိုပင်

ဘာလို့အဲ့လောက်ရှက်စရာစကားတွေကိုပြောခဲ့မိတာလဲတောင်မသိတော့.....
အခုကိုယ်ကိုတိုင် သူတပါးလုပ်ကိုင်ပေးနေတာကိုမျှော်ရတဲ့ဘဝရောက်သွားတော့..အရင်ကမေးခဲ့တဲ့မေးခွန်းတွေကသံရည်ပူတွေထက်တောင်...ပိုဆိုးဝါးသေးသည်

အခုနေသာသေ သွားရင်ကျန်ခဲ့တဲ့ကလေးအတွက်တစ်ခုခုတော့ကျန်အောင်လုပ်ပေးခဲ့ချင်သေးသည်။
အဲ့လိုလုပ်ပေးနိုင်တာကလည်းပတ်ဝန်းကျင်မှာရှာကြည့်ရင် Taeyeon ကလွဲပီးကျန်တဲ့လူကစိတ်မချရ

နောင်တဆိုတာနောင်မှရတတ်ပေမယ့်.....အခုကပြန်ပြင်ရင်တောင်ကိုယ်ခန္တာကစိတ်သွားတိုင်းကိုယ်မပါတော့...အရင်ကလိုသန်စွမ်းပြီး ဘယ်သူ့ကိုမှထီမထင်ဘဲနေခဲ့ရတဲ့အချိန်တွေကအိမ်မက်တွေနဲ့တောင်တူသည်
ဝဋ်....ကိုယ်တိုင်ကြုံမှနာရမှန်းသိတော့လည်း...နာကြင်တာကိုထုတ်ဖော်ပြီးမညဉ်းညူရဲလောက်အောင်ရှက်ပြီး.......ဒုက္ခိတကိုယ်လုံးကြီးကိုအမြန်အဆုံးသတ်ပစ်ချင်ခဲ့တော့သည်

ပြတ်တောက်နေတဲ့လက်နဲ့ခြေထောက်ရယ်....တစ်နေ့နေလို့တစ်ခါတောင်အားပေးစကား ၊ ဂရုစိုက်မှုတွေမရရှိတဲ့မိမိဘဝကိုပြန်ကြည့်ကာ...မဲ့ပြုံးပြုံးရင်း...."ငါသေချာလျှောက်လှမ်းခဲ့တဲ့လမ်းဆိုတာ..လမ်းမှားကြီးဖြစ်နေပါရောလား"

နောက်ဆုံးမှာခက်ခဲတဲ့ဆုံးဖြတ်ချက်ချကာ...JS ချထားတဲ့များပြားတဲ့အစောင့်တွေကိုဖြတ်ကျော်ပြီး..Taeyeon နဲ့တွေ့ခွင့်ရရန်ကူညီနိုင်မယ့်သူကိုအသည်းအသန်ရှာဖွေရတော့သည်

နောက်ဆုံးသေချာအကဲခတ်ပြီးမှ JS ရဲ့လူမဟုတ်လောက်တဲ့....ဆရာဝန်လေးကိုအတင်းဆွဲထားပြီး အကူအညီတောင်းကာ

Kim Joon-ကျွန်တော့ကိုကူညီပါဗျာ
ကျေးဇူးပြုပြီးသူ့ကိုဆက်သွယ်ပေးပါ
မဟုတ်ဘူး..မဟုတ်ဘူး..အပြင်ကလူတွေသိလို့မရလို့ပါ
ကူညီပါ...တောင်းပန်ပါတယ်.....ကျွန်တော်တယ်ဒုက္ခရောက်နေလို့ပါ

My LoveWhere stories live. Discover now