My Love-14

4.3K 179 50
                                    

Tae နောက်ဆုံးရထားအသံကိုတောင်ကြားနေရတာမို့...ဒီနေ့လည်းစိတ်ပျက်စွာခုံတန်းလေးကနေထပြီး ထွက်လာခဲ့မိသည်။

လမ်းကလျှောက်သာနေရသည်...မူးလိုက်တာ ခေါင်းတစ်ခုလုံးမူးနောက်လာတာမို့ အချိန်မှီထိုင်ချလိုက်မလို့လုပ်ပေမဲ့
မထိန်းထားနိုင်တော့တဲ့ခန္တာကိုယ်နဲ့အတူလေပေါ်တွင်ဝဲလွင့်ရင်း

လက်ကသံလမ်းနဲ့ရိုက်မိတာမို့ နာတော့မှ အသိပြန်ဝင်လာရာ

Man-မိန်းကလေး...မိန်းကလေး
သတိထားဦးလေ...မြန်မြန် ဦးကိုလက်ကမ်းပေး

ငါဘယ်ရောက်နေတာလဲ မူးနေတဲ့ခေါင်းကိုလက်နဲ့ဖိရင်း...ငါအောက်ပြုတ်ကျလာတာနဲ့တူတယ်
အပေါ်ကနေလည်း တက်လာဖို့လှမ်းခေါ်သံတွေကြားနေရသည်
Tae ရထားသံလမ်းပေါ်မှာ ထချင်ပေမဲ့ထလို့မရ....အားမရှိတဲ့ခြေထောက်တွေက ဦးနှောက်ရဲ့ခိုင်းစေချက်ကိုငြင်းဆန်နေသည်။

စင်္ကြန်လမ်းမှာရှိတဲ့လူတွေကလည်း.....
ရထားလာနေပြီမြန်မြန်လုပ်ကြပါဦး...ကလေးမ လက်ကမ်းပေးပါ...မြန်မြန်ကမ်းပေး

Tae's mind-ငါဒီလိုသေလို့မရသေးဘူးလေ.......Miyoung ကိုစောင့်ရဦးမှာကို....

Tae အားကုန်သုံးကာထလာပေမယ်....နားထဲကိုရထားအော်သံတွေဆူလောင်စွာဝင်လာတဲ့ခဏ

.
Fany အတော်ဝေးဝေးကနေ Tae ကိုစောင့်ကြည့်နေမိတာတစ်လျှောက်လုံးပါဘဲ....
သူ့ရဲ့အားပြတ်စွာငူငူငေါင်ငေါင်ထိုင်နေတဲ့ ကျောပြင်ကိုငေးကြည့်ကာ သနားလိုက်တာ
နဂိုကတည်းကလူကသေးသေးလေးကို အခုတော့ပိုလို့တောင်သေးသွားသေးသည်။

သူထပြီးပြန်လျှောက်လာပါပြီ...

ဟမ်...Fany ကြည့်နေတုန်းမှာပင် သူမူးလဲသွားသည်။
သူလဲလဲချင်း အဝေးကနေကသောကမျောပြေးထွက်လာပေမဲ့....လမ်းခုလတ်မှာတင် ဘုရားတမိသွားသည်။
ဘူတာထဲဆိုက်တဲ့ရထားကလည်း ဝင်လာပြီလေ..
ပြီးတော့သူနဲ့ဆန့်ကျင်ဘက်အရပ်ကရထားကလည်းဝင်လာတော့မယ် မြင်နေရပြီ....

.
Taeyeon ဆူညံလွန်းတဲ့ရထားသံကြောင့်အရာရာကပြီးဆုံးသွားပြီလို့မှတ်ယူမိပေမဲ့

Fany ရထားနဲ့တဲတဲလေးလိုတော့တဲ့သူ့နားခုန်ဆင်းကာ ပွေ့ဖက်ထားရင်းလှဲချလိုက်ပြီးတင်းကြပ်စွာဖက်ထားရင်း

My LoveWhere stories live. Discover now