My Love -24

4.1K 146 25
                                    

Tae မနက်လင်းလို့နိုးလာရာ သူပြောသလိုတကယ်အောင်နေတော့ ....စောင်ပတ်ပြီးငြိမ်ငြိမ်လေးထိုင်နေတုန်း Miyoung အခန်းထဲဝင်လာပြီး......မနက်စာလာကျွေးတာမို့...
Tae-ငါ မျက်နှာတောင်မသစ်ရသေးဘူး 😁
ပြီးရင်ငါလာစားမှာပေါ့

Fany-အရင်နည်းနည်းစားထားပြီးမှ မျက်နှာသစ်လေ
ငါကကျွေးချင်လို့ 😸...........ညကနင်အရမ်းချစ်ဖို့ကောင်းလို့ဆုချတာ

Tae-.....စားရမှာတောင်လန့်တယ် 😕...ရုပ်ကြီးကလည်း

.

Fany-Tae ဒီနေ့ဘာလုပ်မှာလဲ

Tae-ဆေးရုံတက်နေတဲ့တစ်ယောက်ဆီခဏသွားရမယ်...အသည်းအသန်ခေါ်နေလို့
တစ်ခုခုဖြစ်နေတာလားမသိဘူး

Tae ပွင့်ပွင့်လင်းလင်းပြောပြပြီးမှ Miyoung ကိုကြည့်မိတော့........အားနာသွားပြီး
Mian....ငါကဒီအတိုင်း သူဒုက္ခရောက်နေလို့ပါ

Fany ပေါင်မုန့်ထည့်ကာစားနေတဲ့သူ့ပါးဖောင်းလေးကိုဆွဲကာ........ငါနားလည်ပါတယ်....

ပြီးတော့ အဲ့လိုကြင်နာတတ်တဲ့နင့်ကိုငါကသဘောကျတယ် 😁

Tae-😁.......နင်အိမ်မှာဘဲနေနော်
ဒီရက်ပိုင်းအပြင်သွားတာမကောင်းဘူး

Fany-ပြောရင်ကောင်းမလားစဉ်းစားနေပေမယ့် သူသာသိသွားရင်စိတ်မအေးမှာစိုးလို့.......ဘာစကားမှပြန်မဖြေခဲ့

Fany's mind-...ပြန်လာမှပြောပြမယ်နော် Taeyeon
ငါတို့ Miss Choi ဆီကအချက်အလက်တွေသာထပ်ရရင်.... နင်အခုဖြေရှင်းနေရတဲ့ LDG ပြဿနာတွေတစ်ဝက်လောက်သက်သာသွားလိမ့်မယ်

.

JJS တစ်ယောက် Kim Joon သေရင်သူ့အတွက် Kim Joon ရဲ့ပစ္စည်းတွေကအပိုင်ဖြစ်ပြီမို့လို့.....အပြီးဖြတ်လိုက်ရန်အားထုတ်လာရာ ..........
မူမမှန်တဲ့ JJS ကို Kim Joon လည်းသတိထားမိလာသည်။

JJS လက်ထဲသာကုမ္ပဏီရောက်သွားရင်....LDG လက်ထဲထိုးအပ်လိုက်သလိုပင်
JS ကအခုထိန်းလို့မရတော့နိုင်လောက်အောင်လောဘဖုံးနေပြီ

ဆေးရုံကုတင်ထက်ရောက်မှ အတိတ်ကိုသေချာပြန်လှည့်ကြည့်တော့....ဘယ်အရာမှကောင်းအောင်မလုပ်နိုင်ခဲ့

ကလေးတစ်ယောက်အဖေဆိုပြီး....ကလေးမျက်နှာတောင်တစ်နေ့နေမှတစ်ခါသေချာမကြည့်မိ
အရင်မိန်းမကိုလည်းမြင်ယောင်လာကာ..သူ့အပေါ်ဆိုးဝါးစွာဆက်ဆံခဲ့တာတွေကိုလည်းပြန်သတိရမိလာသည်

My LoveWhere stories live. Discover now