အပိုင်း (၈)

418 30 0
                                    

ထွက်ပြေးသွားတဲ့လမင်း
အပိုင်း (၈)


ကျွန်တော့်ဘ၀က ကမ်းမမြင် လမ်းမမြင် သဲကန္တာရထဲတွင် လမ်းပျောက်နေတဲ့သူတစ်ယောက် ဆိုပါစို့။ ကျွန်တော် စိတ်မပျက်ဘဲ ဒီ သဲကန္တာရက ထွက်နိုင်အောင် ကြိုးစားရမည်။ နောက်ဆုံး ဒီသဲကန္တာရထဲက မထွက်နိုင်ပါစေဦး ကျွန်တော် ပျောက်နေတဲ့လမ်းကိုတွေ့ အောင်ရှာရမည်သာဖြစ်သည်။ အခု ကျွန်တော်စုဆောင်းထားတဲ့ ပိုက်ဆံတွေထဲက အတော်များများကို အိမ်ကိုလွှဲလိုက်ပြီဖြစ်သည်။ တချို့တ၀က်ကို မြန်မာနိုင်ငံမှ မိဘမဲ့ကလေးကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် တခြားလူမှုရေးအသင်းအဖွဲ့များကိုလှူဒါန်းဖို့ မေမေ့ကိုမှာကာ ခွဲဝေလှူဒါန်းပေးဖို့ ပြောထားသည်။ မေမေကပင် ကျွန်တော့်မှာ သုံးစရာရှိသေးရဲ့လားဟု မေးလာသည်အထိပင်။

ကျွန်တော် ဆေးရုံမတက်ခင်ရက်များတွင် အိမ်တွင် ပစ္စည်းတွေကိုနေရာချထားရသည်။ အ၀တ်ခြင်းတောင်းတွေကို ဘယ်ဟာလျှော်ဖို့ ထည့်ရမည့် အ၀တ်ခြင်း၊ ဘယ်ဟာ မလျှော်ခင်ထည့်ရမည့် အ၀တ်ခြင်းစသည်ဖြင့် စာများကပ်ထားပေးသည်။ မဟုတ်ရင် ကိုသူရိန်က ဘယ်ကနေစပြီး ဘယ်လိုလုပ်ရမည်သူသိမှာ မဟုတ်။

ကျွန်တော် ခုမနက် ကိုသူရိန်အလုပ်သွားတော့ တစ်ယောက်တည်း ပင်နစူလာပလာဇာဘက်သို့ထွက်ခဲ့သည်။ အဲဒီမှာ ကျွန်တော်ဖတ်ချင် သည့်စာအုပ်၊ တရားခွေ၊ စားစရာအချို့ဝယ်ဖို့ဖြစ်သည်။ လောကတွင် လူတို့ကိုးကွယ်သည့်ဘာသာပေါင်းမြောက်များစွာရှိသည့် အနက် ဗုဒ္ဓဘာသာ၏ထူးခြားချက်မှာ အသေတတ်ဖို့ နည်းပေးလမ်းပြပြုပေးနိုင်ခြင်းပင်ဖြစ်သည်။ လူတစ်ယောက် အသက်ထွက်ဖို့ နည်းလမ်းများ စွာရှိနိုင်သည်။ ဒါပေမယ့် ကျွန်တော့်ရောဂါကတော့ အသက်ထွက်ခါနီးတွင် အလွန်နာကျင်ခံစားရမည့် ရောဂါဖြစ်သည်။ ဒီလိုဝေဒနာ တွေခံစားရပြီး အသက်ထွက်သွားရင် ကျွန်တော်ဘယ်လိုမှ ကောင်းရာသုဂတိမရောက်နိုင်။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စသည့် တဘုံဘုံကိုရောက်မည်ဖြစ်သည်။

ကျွန်တော် ပင်နီစူလာ ပလာဇာရောက်တော့ ဇင်လတ်ကိုတွေ့လိုက်သည်။ သူ့ဘေးမှာ ငယ်ရွယ်ချောမောသည့် ကောင်မလေးတစ်ယောက်နှင့် ဖြစ်သည်။ ကျွန်တော် မသိချင်ယောင်ဆောင်ပြီး ရှောင်မည်အလုပ်

ထွက်ပြေးသွားတဲ့လမင်းWhere stories live. Discover now