အပိုင်း (၁)

1.4K 54 1
                                    

ထွက်ပြေးသွားတဲ့လမင်း
အပိုင်း (၁)


“Good Morning”

“Morning”

ဝတ်ကျေတန်းကျေ ပြန်နှုတ်ဆက်လိုက်သည်။ ဒီမှာက လူတွေရဲ့ အပြုံးကအသက်မပါ။ သံပတ်ပေးထားတဲ့ စက်ရုပ်တွေလို။ တခြားအရာ တွေသာ တိုးတက်ချင်တိုးတက်မည်။ လူမှုဆက်ဆံရေးကတော့ တဖြည်းဖြည်းဆုတ်ယုတ်လာသည်။ ဒါကမြန်မာနိုင်ငံနဲ့မတူတာပဲဖြစ် သည်။ မြန်မာနိုင်ငံမှာဆိုရင်တော့ မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်ချင်မှနှုတ်ဆက်မည်။ အိမ်ထောင်သည်တွေကိုတွေ့ရင် အစ်ကို ညက များတယ်နဲ့တူတယ် မျက်တွင်းတွေချောင်လို့ စသည်ဖြင့် စချင်စမည်။ ကောင်မလေးတွေကိုတွေ့ရင် ပဲအရမ်းများတယ် ဘာဖြစ်တယ် စချင်စမည်။ ဘာပဲပြောပြော နွေးထွေးပျော်ရွှင်မှုကအပြည့်။ အလုပ်မှ အိမ်ပြန်ရင်လည်း စောင့်ကြိုနေသည့် မေမေ့မျက်နှာကိုမြင်ရင် တော့ မောသမျှ အကုန်မေ့ကာ ပျော်ရွှင်ရသည်။

ကျွန်တော် ဒီမှာအလုပ်လုပ်တာ (5)နှစ်ရှိပြီဖြစ်သည်။ ငါးနှစ်ဆိုသော သက်တမ်းတွင် ဘယ်သူနှင့်မှ ရင်းနှီးနှီးမရှိ။ ဒီနေ့ကျွန်တော် နေမကောင်းလို့ ခွင့်(3)ရက်ယူထားရာမှ အလုပ်စတက်သောနေ့ဖြစ်သည်။ အလုပ်က မန်နေဂျာမှ ဒီနေ့မနက်ကျွန်တော် ရုံးတက်တော့ ခေါ်ပြောလာသည်။ လူသစ်တစ်ယောက်ခန့်မည်တဲ့။ တိုးတက်လာသော လုပ်ငန်းများကြောင့် ကြော်ငြာအား ကိုမြှင့်တင်ချင်သည်ထင်သည်။ သူသည် မြန်မာနိုင်ငံမှတဲ့။ ကျွန်တော် ပျော်သွားသည်။ မြန်မာဆိုတော့ကျွန်တော်နှင့် အတူတူသူငယ်ချင်းဖြစ်နိုင်သည်။ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်နိုင်သည်။ မန်နေဂျာက ထိုမျှသာ ပြောအစည်းအဝေးရှိသောကြောင့် ထွက်သွားသည်။ ဒီမှာက အချိန်တိုင်းသည် ပိုက်ဆံဖြစ်သည်။ လူတွေလည်း ဒီပိုက်ဆံကိုရှာရင်းရှာရင်း သူတို့ဘ၀တွင် ဆုံးရှုံးသွားသည်များကိုမသိဘဲ အမှတ်တမဲ့နေထိုင်ရင်း ရှင်သန်နေကြသည်။

ကျွန်တော့်ဘေးခုံတွင်လည်း သူ့အတွက်နေရာပြင်ထားသည်။ ကျွန်တော်လည်း သူ့အတွက်လိုအပ်သော ရုံးအသုံးအဆောင်များကို Store တွင် လာထုတ်ခြင်းဖြစ်သည်။ ဘာပဲပြောပြော မြန်မာအချင်းချင်းဆိုတော့ ရိုင်းပင်းကူညီရမည်။ အခုလည်း နှစ်ထပ်တွင် လိုအပ်သည်များကို ထုတ်ပြီး ပြန်တက်ဖို့ဓာတ်လှေကားရှေ့တွင် ဓာတ်လှေကားစောင့်နေခြင်းဖြစ်သည်။ စောင့်နေရင် အတွေးတစ်ခုက၀င်လာသည်။ အခုနေ ဓာတ်လှေကားကြီး ကြိုးပြတ်သွားလျှင် လူတွေအကုန်ကျပြီးသေသွားနိုင်သည်။ ဟုတ်သည် လူ့ဘ၀ရသည့်တစ်ခဏတွင် သေချာသည်က သေခြင်းတရားပင်။ ဓာတ်လှေကား ကြိုးပြတ်ဖို့ဆိုသည်က စင်္ကာပူလို ခေတ်မှီတိုးတက်သောနိုင်ငံတွင် ဖြစ်နိုင်ခြေအလွန်နည်းပါးသည်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ရော ဘယ်သူပြောနိုင်မည်လဲ။ လူ့ဘ၀သည် ဘာမှ ကြိုမမြင်နိုင်သော အမှောင်ကြီးထဲတွင်နေထဲတွင်နေထိုင်ရခြင်းနှင့်တူသည်။ မနက်ဖြန် ဘာဖြစ်မည်ကိုမည်သူမျှမသိကြ။

ထွက်ပြေးသွားတဲ့လမင်းWhere stories live. Discover now