အပိုင်း (၃)

482 37 0
                                    

ထွက်ပြေးသွားတဲ့လမင်း
အပိုင်း (၃)


ကိုသူရိန်နှင့် ဇင်လတ်တို့တွေ့ဆုံမှုက ဤမျှဖြင့်အဆုံးသတ်သွားသည်ကိုပင် ကျေးဇူးတင်ရမည်။ ကိုသူရိန်က ကားမောင်းရင်း ကျွန်တော့် ဘက်ကိုကြည့်ကာ မေးသည်။

''ဇင်လတ် ဘယ်လိုလုပ်ရောက်လာတာလဲ´´

''ကျွန်တော် မသိဘူး ကိုသူရိန်ရ။ သူ ဒီမနက်ပဲ ဒီမှာ အလုပ်စ၀င်တာ´´

သူ့မျက်နှာကို ကြည့်လိုက်တော့စိုးရိမ်ပူပန်မှုများက အထင်းသား။ ကျွန်တော် သူ့ကိုကြည့်ပြီး သနားမိသည်။ အရာရာကို ဆုံးရှုံးခဲ့သော လူတစ်ယောက်သည် အခုတစ်ခါ သူ့ထံမှ သူမြတ်နိုးသောအရာတစ်ခုကို လုယူသွားမှာ ကြောက်နေသည်ထင်သည်။ စိတ်ချပါ ကိုသူရိန် ကျွန်တော် ကိုသူရိန်ဆီကထွက်မပြေးပါဘူး။ ကိုသူရိန့်ဆီ ပေးထားတဲ့ကတိကိုလည်း ကျွန်တော် မဖောက်ဖျက်ပါဘူး။

ကျွန်တော်ဘာမှမပြောဘဲ စတီယာရင်ပေါ်တင်ထားသော သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ ကိုသူရိန်က မသက်မသာမျက်နှာပေးဖြင့် ကျွန်တော့်ကို ပြန်ပြုံးပြသည်။

လူတွေသည်လိမ်ညာမှု တစ်ယောက်ပေါ်တစ်ယောက် ကောက်ကျစ်စဉ်းလဲခြင်း မနာလိုခြင်း စသည်များဖြင့် ဘ၀တွင်ရှင်သန်နေထိုင် ကြသည်။ လူတစ်ယောက်၏ဘ၀တွင် ကတိသစ္စာသည်အရေးကြီးသည်။ ကတိသစ္စာသာ တည်နေပါက သည်ကမ္ဘာပေါ်တွင် ပြဿနာ များကင်းရှင်းပြီး တရားရုံးပင်ရှိမည်မဟုတ်ပေ။ ပြီးတော့ မဆီမဆိုင် ပိတောက်ပန်းကိုလည်း အပြစ်တင်ကြသေးသည်။ ''ပိတောက်က သစ္စာမရှိတော့ဘူးပွင့်ချင်တဲ့အချိန် ပွင့်တာပဲ´´တဲ့။ အမှန်မှန်တော့ ပိတောက်ပန်းသည်ဘာမှမသိ။ သူသိသည်က သူ့အဖူးလေးတွေ အပေါ် မိုးဖြန်းပေးလျှင် ပွင့်မည်။လူတွေကသာ သစ္စာမရှိတာဖြစ်သည်။ အတောမသတ်နိုင်သောလောဘများကြောင့် စက်ရုံတွေအများကြီးဆောက်ကာစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေ လုပ်ကြသည်။ သစ်ပင်တွေခိုးခုတ်ကြသည်။ ဂေဟစနစ်ကိုပျက်စီးအောင်သူတို့ ပြုလုပ်ကြသည်။ အကျိုးဆက်ကတော့ ရာသီဥတုတွေ ပြောင်းလဲကာ ပတ်ဝန်းကျင်တွေပျက်စီးခြင်း အချိန်အခါမဟုတ် တိုက်ခတ်သည့် မုန်တိုင်းများ၊ ပြီးတော့ ငလျင်လှုပ်၊ ရေကြီးခြင်း စသည့် အကျိုးဆက်များဖြစ်ပေါ်လာသည်။ ဒီတော့ ဒီအကျိုးဆက်တွေထဲက တစ်ခုဖြစ်သည့် မိုးရွာတာနောက်ကျလို့ ပိတောက်တွေလည်း နောက်ကျမှပွင့်သည်။ ဒါ လူသားတွေရဲ့ လောဘတွေ သစ္စာမတည်မှုတွေကြောင့် ဖြစ်လာသည်။ ပိတောက်ပန်းကတော့အပြစ်တင်မှုကို စိတ်မဆိုးဘဲ သူ၏မွှေးပျံ့သောရနံ့များ ရွှေဝါရောင် ပွင့်ချပ်များဖြင့် လောကကို အလှဆင်မြဲ …………….။

ထွက်ပြေးသွားတဲ့လမင်းWhere stories live. Discover now