Ko Ko Jong 💕 1...

1.2K 68 2
                                    

Ko Ko Jong...

တိတ်ဆိတ်ငြိမ်သက်နေပြီး မှောင်မှောင်မဲမဲ ပတ်ဝန်းကျင်ထဲမှာ လှုပ်တုပ်လှုပ်တုပ်နဲ့ ခြံပြင်ကို တွယ်ဆင်းနေတဲ့ အရိပ်တစ်ခု......

Du....Du....

"Arshi....လာနေပါပြီဆိုမှကွာ မင်းကြီးတော်ကြီးမို့ သေမလိုခေါ်နေရတာလား ၊ ဒီမှာ ဆူးကြိုးနဲ့ငြိနေလို့ကွ "

"-------"

"ခဏစောင့်ကွာ"

ခဏအကြာ ခြံရှေ့မှာရပ်စောင့်နေတဲ့ ကားတစ်စီးပေါ် သုတ်သုတ် သုတ်သုတ်နဲ့ အမြန်တက်သွားတဲ့ ကောင်လေးတစ်ယောက်...ကားပေါ်တွင်....

"နောက်ကျလိုက်တာကွာ Kyungရာ...မြန်မြန်လုပ်တာမဟုတ်ဖူး."

ကြည့်....ကြည့်....Clubသွားဖို့ ကဲဖို့်ဆို Byun Baekhyunတို့ထိပ်ဆုံးက ၊ တွေ့တာနဲ့ ဆူနေတဲ့
Baekကို မကြည့်ကြည့်နဲ့ ကြည့်လိုက်ပြီး

"appaတို့ မအိပ်သေးလို့ပါကွာ မင်းကလဲ... yarr
Kim Junmyeon.... နည်းနည်းပါးပါးလဲ အနေအထိုင်ဆင်ခြင်ဦး၊.... Xing hyungကားမောင်းနေတယ်လေကွာ ၊အကုန်သေကုန်လိမ့်မယ်ကွ "

ကားမောင်းနေတဲ့လူကို ဘေးကနေဂနာမငြိမ်ဘဲ
လှုပ်ရွနေပြီး လက်ကလေးကိုင်လိုက် ၊ ပါးလေးဆွဲလိုက်နဲ့ သာယာနေတဲ့အတွဲ....ဒင်းရွတာနဲ့ ကိုယ်ပါရောပြီး မျိုးပြတ်နေဦးမယ်...

"အေးလေ... မင်းဆိုသည်မှာကလဲ Kyung ပြောလဲပြောချင်စရာ ရွကိုရွတယ် ဟွန့်..."

ပြောနေတဲ့လူတွေကို ရွဲ့ပြပြီး Xing hyungရဲ့ပါးကို
ပြွတ်စ် ခနဲမြည်အောင် နမ်းလိုက်တဲ့ Junဟာလေ...ကျွန်တော်တို့သူငယ်ချင်းလို့ မပြောရဖူး ၊ တကယ်ဘဲ....နန့်ကိုနန့်လွန်းတယ်....

ပြောသာပြောရတာ ကျွန်တော်တို့သူငယ်ချင်းတွေက
တအားစည်းလုံးကြတာ..အခုဘဲကြည့်... မဟုတ်တာ လုပ်ကြပြီဟေ့ဆို လူစုံတတ်စုံနဲ့....
Do Kyungsooဆိုတဲ့ ကျွန်တော်ရယ် ၊ Byun Baekhyun ၊ Kim Junmyeon ၊ Kim Minseok ရယ် ..အားလုံးက အထက်တန်းကျောင်းသားတွေကြီးဘဲ....Junရဲ့ချစ်ချစ်Xingကတော့ တက္ကသိုလ်ကျောင်းသား အခုလဲ သူ့ချစ်ချစ်ကို စိတ်မချလို့ဆိုပြီး သူကိုယ်တိုင် လိုက်ပို့လေရဲ့ ၊

လေးယောက်ထဲမှာ Minseokနဲ့ Junmyeonကတော့ ရည်းစားအတည်တကျနဲ့ ဘာနဲ့... ကျွန်တော်နဲ့Baekကသာ အားနာလို့ လာကြိုက်သမျှ မိန်းကလေးတိုင်းကို ပြန်တွဲပေးနေတာ..ဟူး...ပြောသာ ပြောရတာပါ ကျွန်တော်တို့ လေးယောက်လုံးက
ယောက်ျားပီသပြီး ချောတော့ မိန်းကလေးတွေ တမ်းတမ်းစွဲဖြစ်တာလဲ မဆန်းပါဖူးလေ....

Ko Ko jong 💕Where stories live. Discover now