ဟူးးးးးး ဘယ်​လိုအိမ်​မက်​ဆိုးမျိုးလဲကွာ....အိမ်​မက်​ထဲမှာ သူ မင်္ဂလာ​ဆောင်​သွားတယ်​တဲ့~~

အမယ်​​လေး ရင်​ဘက်​ထဲက လှိုက်​ခုန်​မှုနှင့်​အတူ နိုးထလာရ​သော မနက်​ခင်းပါလား အတိတ်​နိမိတ်​​တွေ မ​ကောင်းဘူးထင်​တယ်​ ​.....​ဘေးနားက စားပွဲတင်​နာရီ​လေးကြည့်​​လိုက်​​တော့ ​ခြောက်​နာရီထိုးဖို့ ငါးမိနစ်​အလို~~

မထူးပါဘူး~~ထတာပဲ​ကောင်းပါတယ်​​လေ

ဟိုလုပ်​ဒီလုပ်​နဲ့ ပဲ အလုပ်​သွားချိန်​​ရောက်​လာပြန်​ပါပြီ

                 ~~~~~~~~~~~~~~

ခြေ​ထောက်​ များက မရပ်​မနား လမ်းမထက်​မှာ တက်​ကြွစွာ လှုပ်​ရှား​နေသည်​.....

ကျွန်​​တော်​ သူနဲ့​တွေ့ရမည်​ဆိုလျှင်​ သိပ်​ကို​ပျော်​ပါသည်​ ဒီ​နေ့ အ​ကြောင်းမရှိ အ​ကြောင်းရှာပြီး သူ့ရုံးခန်းဆီ သွားမည်​.....

အ၀င်​၀နားအ​ရောက်​ မြင်​ဖူး​သောကား​လေးကို​တွေ့မိလို့ ​ခြေလှမ်းများရပ်​ကာ အနီးကပ်​ကြည့်​မိ​တော့

သူ့ကားပဲ~~~ ခ်​ခ်

အနားသွားမည်​ ကြံရွယ်​တုန်း~~

"​ကျေးဇူး​နော်​ "

ထွက်​​ပေါ်လာ​သော​ကောင်​မ​လေးအသံ~~~~

အ​ပြေးအလွှား ကား​ပေါ်က သူ ဆင်းပြီး တံခါးဖွင့်​​ပေးရတဲ့အထိဆို​တော့ ထိုမိန်းက​လေးက သာမန်​မဟုတ်​တာ ကျွန်​​တော်​သိလိုက်​သည်​.....

ကျွန်​​တော်ထို​နေရာမှာတင်​ ​ကျောက်​ရုပ်​ဖြစ်​သွားသလား​တောင်​မသိ.....

သူကကျွန်​​တော့်​​တောင်​ မမြင်​ရ​လောက်​​အောင်​ ထိုမိန်းက​လေးမျက်​နှာပဲ ကြည့်​ကာ Hotelထဲ ၀င်​သွားသည်

သူ မျက်​နှာ​လေးက ရွှင်​ပြုံး​နေတာပဲ.....မဆီမဆိုင်​ ကျွန်​​တော်​ ထို​ မိန်းက​လေးကို မနာလိုဖြစ်​မိသည်

ကျွန်​​တော့်​မျက်​နှာမှာ အပြုံး​တွေဖြစ်​​အောင်​ သူလုပ်​​ပေးနိုင်​သလို....သူ့မျက်​နှာမှာ အပြုံး​တွေဖြစ်​​အောင်​ ထိုမိန်းက​လေး လုပ်​​ပေးနိုင်​သည်​~~~
သူကကျွန်​​တော ထွက်​လာခဲ့သည်​ ထို​နေရာမှ.....​..ဘယ်​သွားရမှန်းလဲ မသိပါ~~~

ဘာလုပ်​ရမှန်းလဲမသိပါ.....သူမ ဘယ်​သူမှန်းလဲ မသိပါ

သို့​ပေမယ့်​ ရင်​ဘက်​ထဲက အ​ကောင်​က သူ့မျက်​နှာမြင်​ရုံနဲ့ အလွမ်း​ပြေတယ်​ဆိုပြီိး သူ့ဘာသာသူ ​ဖြေသိမ့်​​နေသည်​~~~

ဘာလုပ်​ရမှာလဲ အလုပ်​ပဲ လုပ်​ရမှာ​ပေါ့ ဒါဆို သူ့ကို​မေ့​ပျောက်​​ကောင်း​မေ့နိုင်​ပါမည်​~~~

                ~~~~~~~~~~~~~~~~~~
TBC.....

ဆောတီး​ဖော်​တူးလိတ်​(sorry for too late)
သည်းခံကြပါ အ​ရေးအသားကို



PRIDEWhere stories live. Discover now