ခုတော့ အခန်းပိုင်ရှင် ပြန်ရောက်လာလေပြီ။

အခုမှ အိပ်ရာခင်းတွေ အကုန်လျှော်ထားခဲ့သည်ကို သတိရသည်မို့ ဗီရိုထဲက အိပ်ရာခင်း၊ ခေါင်းအုံးစွပ်နှင့် စောင်တို့ကို ထုတ်ကာ သူ့အခန်းဘက် ထွက်လာလိုက်သည်။

တံခါးခေါက်ဖို့ လိုမလား??
ဒီအတိုင်း ဝင်သွားလို့ ရလား???

အင်းလေ.. တံခါးခေါက်ရအောင် သူက မိန်းကလေးလည်းမဟုတ်။
အကျႋီလဲနေရုံမက ကိုယ်တုံးလုံးဖြစ်နေရင်တောင် ဘာပြဿ နာမှ မရှိနိုင်ပဲ...

တံခါးကလည်း လော့မချထားသည်မို့ ဖွင့်ဝင်သွားလိုက်ကာ အိပ်ရာခင်း ခင်းပေးပြီး ခေါင်းအုံးစွပ် စွပ်ပေးလိုက်သည်။

အခန်းထဲက ပြန်ထွက်ခါနီးမှာပင် ChanYeol ရေချိုးခန်းထဲက ထွက်လာ၏။

"အောင်မယ်! မင်းက abs တွေဘာတွေနဲ့"

ခါး၌သာ တဘတ်တစ်ထည်ဖြင့် ပတ်ထားသည်မို့ ဗလာကျင်းနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရေစက်များတွဲခိုနေပြီး ဝမ်းဗိုက်၌ ကြွက်သားများ အမြောင်းမြောင်းဖြစ်နေသည်မှာ မိန်းကလေးများအနေနှင့် နှာခေါင်းသွေးလျှံချင်စရာ ..

သောက်ကလေးက ငယ်ငယ်တုန်းကဖြင့် ဗိုက်ကို ဆွဲညှစ်လိုက်ရင် အခေါက်များအထပ်လိုက်... အခုကျ ~

ပျူ ဗာတီဟစ်တာလည်း တော်ရုံပဲကောင်းတယ် -.-

အားကျခြင်းတစ်ဝက်၊ သောက်မြင်ကပ်ခြင်းတစ်ဝက်ဖြင့် သူ့ဗိုက်က ကြွက်သားများကို လက်ဖြင့် အသာကိုင်ကြည့်သည်။

ထိုသို့ ကိုင်ကြည့်နေစဉ်မှာပင် ပုခုံးနှစ်ဖက်ကို လက်ဖြင့် ဖမ်းဆုပ်ခံလိုက်ရပြီး စက္ကန့်ပိုင်းမျှ အချိန်အတွင်းမှာပင် နံရံနှင့်ကျော ကပ်လျက်သားဖြစ်သွား၏။

အလန့်တကြားဖြစ်ကာ ChanYeol ကို ကြည့်လိုက်တော့ သူ့မျက်နှာက ကျွန်တော့်မျက်နှာနှင့် နီးကပ်စွာ ရှိနေသည်။

ဒါ... ဒါ ဘာအခြေအနေကြီးလဲ???

ChanYeol သည် သက်ပြင်းတစ်ချက်ချလိုက်ကာ ကျွန်တော့်မျက်လုံးထဲ စူးစိုက်ကြည့်ပြီး

"မစောင့်နိုင်တော့ဘူး BaekHyun! ကျွန်တော့်ကို အဖြေပေးတော့"

ဒီကောင် ဘာတွေ လာကြောင်နေတာလဲ??

နောက်နေတာလားဟု တွေးချင်ပေမယ့် သူ့ပုံစံက သိပ်ကို လေးနက်နေသည်။

ဒီလိုအခြေအနေကြီးကို ဒရာမာတွေထဲ အကြိမ်ကြိမ်မြင်ဖူးပေမယ့်၊ ရိုမန့်တစ်ဖြစ်တယ်ဆိုပြီး အားကျခဲ့ပေမယ့် ခုအခြေအနေက ဘာကြီးလဲ?

အဖြေပေးရအောင် သူက ဘာမေးခွန်းတွေ မေးထားတာမို့လို့ ကျွန်တော်က ဘာအဖြေကို ပြန်ဖြေရမှာတုန်း?

ရိုးရိုးတန်းတန်းမတွေးပဲ ဆန်းဆန်းပြားပြား တွေးကြည့်ရင်လည်း အဖြေပေးရအောင် သူ ဘယ်တုန်းက ကျွန်တော့်ကို ဖွင့်ပြောဖူးလို့လဲ။
ယောက်ျားလေးချင်းကြီးကို ဒီကောင် ဘာတွေလာပြောနေလဲမသိ...

နောက်တာပဲဖြစ်မှာပါ ~

"ဖယ်! လာနောက်မနေနဲ့.. ရယ်လည်းမရယ်ရဘူး"

အချိုးနည်းနည်းများပြောင်းသွားတာလား။
အရင်က ဒီလိုစနောက်တာမျိုး မရှိခဲ့ပါဘူး

သူ့ကို တွန်းဖယ်ကာ ထွက်ဖို့ပြင်ပေမယ့်လည်း တစ်ဖန် သူ့ကိုယ်လုံးနှင့် နံရံကြား ပိတ်မိပြန်သည်။

Park ChanYeol..
ဒီကောင်လေး ဘာဖြစ်နေတာလဲ။

"လွန်ခဲ့တဲ့ ရှစ်နှစ် ကျွန်တော် မထွက်သွားခင်က ခင်ဗျားကို ပြောခဲ့တဲ့စကားအတွက် အဖြေ"

ဦးနှောက်ကို အလုပ်ပေးရသည်။
သို့ပေမယ့် လွန်ခဲ့သည့်ရှစ်နှစ်က သူပြောသည့်စကားဆိုတာကို မှတ်မိနေရအောင် ကျွန်တော်က အိုင်ကျူ မြင့်ဉာဏ်ကြီးရှင်လည်းမဟုတ်။

"ဘယ်လိုမှတ်မိမှာလဲ ChanYeol ရာ.. ဖယ်စမ်းပါ ဘာလို့ဒီလိုကြီးလုပ်နေတာလဲ?"

အားနည်းနည်းသုံးကာ တွန်းဖယ်ပါသော်လည်း မရ..
နီးကပ်လွန်းသည့် အနေအထားကြောင့် နေရထိုင်ရခက်နေသည်။

ယခင်က ကျွန်တော့်ရင်ခွင်မှီအရပ်လောက်သာ ရှိခဲ့သော ChanYeol..
ခုတော့ သူ့ရင်ခွင်ထဲ ကျွန်တော် ပြန်ရောက်နေပြီ။

ChanYeol သည် စိတ်မရှည်သလို ကျွတ်ခနဲ စုတ်သပ်ကာ ရုတ်တရက် ကျွန်တော့်နဖူးပြင်အား သူ့နှုတ်ခမ်းနှင့် ဖိကပ်နမ်းလိုက်ပြီး...

"Byun BaekHyun... ကျွန်တော် ခင်ဗျားကို ချစ်တယ်"

🌟MY SPECIAL MAN🌟

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now