"ဒါဆို မင်း ဒီကို ပြန်ရောက်နေတာလည်း တစ်လလောက် ရှိနေပြီပေါ့.. ဘာလို့ ငါ့ဆီ မလာတာလဲ??"

"မနေ့ကမှ ပြန်ရောက်တာ.. HyeJung နဲ့က online ပေါ်မှာ တွေ့ပြီး ပြီးခဲ့တဲ့လကမှ ချစ်သူတွေဖြစ်သွားကြတာ"

ဖြေပုံကိုက တုံးတိတိ။

"ဘယ်သွားမလို့လဲ"

တီဗွီကို ပိတ်ကာ ထိုင်နေရာက ထထွက်သွားသဖြင့် မေးလိုက်သောအခါ အဖြေက ချက်ချင်းမလာ...။
သူနေထိုင်တော့မည့် အခန်းတံခါးဝရောက်သောအခါမှ

"ရေချိုးမလို့"

"ဒီအချိန်ကြီး?"

ခပ်လှမ်းလှမ်းရှိ စားပွဲပေါ် တင်ထားသော နာရီက ညကိုးနာရီငါးမိနစ်အချိန်ဖြစ်သည်ကို ညွှန်ပြနေ၏။
ကျွန်တော်မေးသည်ကို အဖက်လုပ်မဖြေပဲ အခန်းထဲသာ ဝင်သွားသည့် ကောင်လေးကို ကြည့်ကာ ကျွန်တော် ပြုံးမိသည်။

အချိန်တော်တော်များများကို အပျော်အပါးထက် ဒီတိုက်ခန်းလေးထဲမှာပဲ ဇာတ်ကားကြည့်လိုက်၊ သီချင်းနားထောင်လိုက်၊ အိပ်လိုက်၊ စာရေးလိုက်နှင့် ကုန်ဆုံးဖြစ်သည်။

ကျွန်တော်၏ ပျင်းစရာ အထီးကျန်ဘဝကြီးထဲ ခု သူ ပြန်ရောက်လာခဲ့ပြီ...။
ဘယ်အချိန်ပြန်ထွက်သွားမလဲမသိပေမယ့် ရသလောက်အချိန်လေးကိုတော့ တန်ဖိုးထားပေးမှ။

ညီအရင်းမဟုတ်တောင်၊ အမျိုးဝေးသည်ဆိုရင်တောင် သူက ကျွန်တော့်ညီလေးပဲလေ..။
သည်ကောင်လေးအပေါ် ကျွန်တော် ထားမိသည့်သံယောဇဉ်က ထင်ထားတာထက် ပိုပါသည်။

ကျွန်တော် သူ့အပေါ် ထားနေမိသည့် စိတ်ကောင်းလေးတွေသည် ပွင့်လျက်သားတီဗွီ၊ စားပွဲပေါ်က အာလူးကြော်နှင့် ကိုကာကိုလာဘူးအမှိုက်တို့ကြောင့် ပြန်လည်ပျောက်ကွယ်သွား၏။

စောင်ငနဲလေး..
စောင်ချိုးမပြေတဲ့ဟာလေး :3

ပွင့်နေသည့်တီဗွီကို ပြန်ပိတ်ပြီး သကောင့်သားလေး ထားခဲ့သည့် အမှိုက်တွေကို ရှင်းရသည်။
ထို့နောက် ကျွန်တော့်အခန်းထဲသို့ ပြန်ဝင်လာလိုက်၏။

လွန်ခဲ့သည့်ရှစ်နှစ်က ChanYeol ရောက်လာသောအခါ ကျွန်တော့်အခန်းသည် သူ့အခန်းဖြစ်သွားသည်။
သူ ပြန်ထွက်သွားပေမယ့် ကျွန်တော့် အဲ့ဒီအခန်းကို ပြန်မနေဖြစ်။
ဘာကြောင့်မှန်းမသိပေမယ့် ထိုအခန်းကို လုံးဝမသုံးပဲ ဒီအတိုင်း ထားခဲ့သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now