ဘာလို့ ဒီလောက်တောင် ချောနေလဲမသိ။
ရုပ်ချောသလောက်သာ အခွန်ဆောင်ရမယ်ဆို Park ChanYeol ရှိသမျှအကုန်ပြောင်မလားပဲ~

HyeJung လို ချစ်စရာကောင်းပြီး ငယ်ရွယ်လှပသည့် မိန်းကလေးနှင့် ဆုံစည်းခွင့်ရတာ ChanYeol သိပ်ကံကောင်းသလို..
ChanYeol လို ချောမောပြီး ဂျစ်ကန်ကန်နိုင်ပေမယ့် စိတ်ရင်းသိပ်ကောင်းသော ယောက်ျားလေးနှင့် ဆုံစည်းခွင့်ရတာ HyeJung သိပ်ကံကောင်းပါသည်။

သူတို့နှစ်ယောက် သိပ်လိုက်ဖက်သည်မှာ ခါးသီးသည့် အမှန်တရားပင်။

HyeJung ဆိုမှ ကျွန်တော် မကျေမနပ်ဖြစ်ချင်စရာ တစ်ခုကို စဉ်းစားမိသွား၏။

"နေ့လည်က စားသောက်ဆိုင်ထဲမှာ မင်းငါ့ကို တွေ့ရဲ့သားနဲ့ ဘာကိစ္စ မသိချင်ယောင်ဆောင်နေတာလဲ"

သည်တစ်ခါတော့ တီဗွီဆီကနေ ကျွန်တော့်ဆီ အကြည့်ရောက်လာ၏။
ထို့နောက် အာလူးကြော်တစ်ဖတ်ကို ယူကာ ဝါးနေရင်း...

"ရုပ်ဆိုးလို့.."

"..."

"အရပ်ပုလို့..."

"..."

"သောက်မြင်ကပ်လို့"

လူက ဘာပြန်ပြောလို့ ပြောရမှန်းကို မသိ။
တစ်ဖက်လူအား လည်ချောင်းထဲ တစ်ခုခုနင်သလို ရင်ခံသလိုဖြစ်အောင် ပြောတတ်သည့်စကေးကတော့ အရင်အတိုင်းပင်..။

"HyeJung နဲ့က... ချစ်သူတွေလား"

အဖြေကို သေချာသိပြီးသားဆိုပေမယ့် မိုက်မိုက်မဲမဲ ထပ်မေးမိသည်။
အာလူးကြော်ဝါးနေရင်းက ကျွန်တော့်ကို အကဲခတ်သလို ကြည့်လာသည်မို့...

"အာ.. HyeJung က ငါ့သူငယ်ချင်းရဲ့ ညီမလေးလေ။ ငါနဲ့လည်း ရင်းနှီးတယ်"

မလုံမလဲဖြစ်စွာပင် ပြန်လည်ဖုံးဖိပါသော်လည်း HyeJung အပေါ် ထားသည့် ကျွန်တော့်စိတ်ကို လူကဲခတ်သိပ်တော်သည့် ထိုကောင်လေး ရိပ်မိသွားလောက်လား?

"ဟုတ်တယ်.. တွဲနေတာ တစ်လလောက်ရှိပြီ"

နှလုံးသားက နှုတ်ခမ်းပေါ်က အပြုံးကို သစ္စာဖောက်ကာပင် နာကျင်လာရပြန်သည်။

တော်သင့်ပါပြီလေ..။
HyeJung အပေါ် ထားသည့် ကျွန်တော့် မေတ္တာတို့ကို ဖျောက်ဖျက်လိုက်သင့်ပြီ။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now