"Byun BaekHyun... ကျွန်တော် ခင်ဗျားကို ချစ်တယ်"
🌟MY SPECIAL MAN🌟
Chapter Five Ends ✏
မျှော်နေကြမလားမသိ
#ChanBaekLove
#EternalChanBaek
Unicode
BaekHyun's pov :
ရှေ့တည့်တည့်က ဆိုဖာပေါ်၌ ခြေပစ်လက်ပစ် ထိုင်နေကာ အာလူးကြော်ဝါးရင်း တီဗွီကြည့်နေသည့် Park ChanYeol လူကြီးဗားရှင်းဆီက ကျွန်တော် အကြည့်မလွှဲနိုင်သေး..။
သူ့အိမ်သူ့ယာအတိုင်း ဆိုဖာပေါ် ထိုင်နေကာ မီးဖိုချောင်ထဲက ကျွန်တော့်အာလူးကြော်ထုပ်လေးကို သူ့သဘောသူနှင့်သူ ယူလာပြီး သူ့အာလူးကြော်ထုပ်အလကား ဖောက်စားရင်း တီဗွီကိုလည်း သူ့အပိုင်အလား ရီမုခ်ကလေးကိုင်နှိပ်၍ ဖွင့်ကြည့်သည်။
သူ့ကို ကျွန်တော် ကြည့်နေသည်ကို သူက သိသလားမသိသလား မခန့်မှန်းတတ်ပေမယ့် ဂရုကိုမစိုက်တာတော့ သေချာသည်။
သူ့ကိုယ်သူ Park ChanYeol ပါဟု ဆိုလာတာကြောင့်ရော၊ မျက်လုံးဝိုင်းဝိုင်း နားရွက်ကားကား နှုတ်ခမ်းထူထူတို့က မပြောင်းလဲတာကြောင့်နှင့်၊ သောက်ချိုးလေးက အရင်ကအတိုင်းဖြစ်နေတာကြောင့်ပါ သူ့ကို Park ChanYeol ဟု ယုံလိုက်ရသော်လည်း အခုချိန်ထိ လက်မခံချင်သေး...။
အင်း...
နည်းနည်းလေး စိမ်းသက်နေသလိုရှိပေမယ့် ရင်းတော့ရင်းနှီးနေသလိုပင်။
ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကို ကျွန်တော့်ညီအရင်းလေးဖြစ်စေချင်သည်အထိ ကျွန်တော် သံယောဇဉ်တွယ်ခဲ့သည်မဟုတ်လား။
"ခုနက ခင်ဗျားမျက်လုံးတွေ နီနေတာ.. အဲ့ဒါ ငိုထားတာလား?"
King Kong ကားအပြီး ဆက်လာနေသည့် Avengers : Age of Ultron ကားကို ကြည့်နေရင်း အကြည့်ပင်မလွှဲပဲ မေးလာသည်။
"အင်း။ ဒီကားမလာခင် King Kong ကား လာသွားတာ.."
ကျွန်တော့်အဖြေစကားကို သူ ကြားတော့ ခပ်တိုးတိုးရယ်၏။
ChanYeol ရယ်ပြုံးလိုက်တော့ ညာဘက်ပါး၌ ပါးချိုင့်လေးတစ်ခု ထွက်ပေါ်လာသည်ကို ကျွန်တော် သတိထားမိသည်။
ငယ်စဉ်က ထိုပါးချိုင့်ဟာ သိပ်မထင်ရှားခဲ့ပေမယ့် ခုကျ ကြည့်ကောင်းနေလိုက်တာ...
ESTÁS LEYENDO
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 6 장✨
Comenzar desde el principio
