အပိုင်း ( ၁၇ )

10.8K 961 57
                                    

" ဇွန် အိမ်ကိုအစောကြီးဘာလာလုပ်တာလဲ၊ မလာစဖူးအလာထူးလို့ပါလား "

ဆေးရုံသွားခါနီး အိမ်သို့ရောက်လာသော ဇွန်ကြောင့် အံ့သြမိတာအမှန်ပင်၊ ခုမှပထမဆုံးရောက်လာသည့်အတွက်လည်း ထူးဆန်းနေမိသည်၊

" ဓူဝံရော "

" အလုပ်သွားပြီလေ "

ညီလင်းတောင်အလုပ်သွားပြီ၊ ဇွန်က ဘာလို့မသွားသေးတာလဲ

" နင့်ညီဓူဝံကို ဟိန်းခန့်နဲ့ ဝေးဝေးနေခိုင်းပါ "

ကို တောင်မဟုတ်တော့ဘူး၊ ဟိန်းခန့်ဆိုတော့ ဘာတွေများဖြစ်ထားလို့ပါလိမ့်

" ငါ့ညီနဲ့ဘာဆိုင်လို့လဲ "

ကျန်တာသာထိချင်ထိလို့ရမည်၊ ညီလင်းကိုထိလျှင် လုံးဝမခံနိုင်သည့်အတွက် လေသံကအနည်းငယ်မာသွားသည်။

" ရှည်ရှည်ဝေးဝေးတော့ငါမပြောချင်ဘူး၊ နင့်ညီကိုပဲ ဟိန်းခန့်နဲ့ဝေးဝေးနေခိုင်းပါ၊ ငါသွားမယ် "

ပြောချင်တာပြောပြီး ထသွားသော ဇွန်ကို လုံးဝနားမလည်တော့၊

ထိုစဉ် ခေါင်းထဲရောက်လာသည်က ညီလင်းကို သဘောကျလို့မရဘူးလားလို့ ပြောဖူးတဲ့ ဟိန်းခန့်စကား၊

နှစ်ယောက်သားတွဲနေကြတာလား၊ မဖြစ်နိုင်တာ မဟုတ်ဘူး မဖြစ်ရဘူး အခြားယောက်ျားလေးနဲ့တွဲတယ်ဆိုရင်တောင် လက်ခံနိုင်တယ်၊ ဟိန်းခန့်နဲ့တော့ လုံးဝမဖြစ်ဘူး

" ကိုကို အလုပ်မသွားသေးဘူးလား၊ အံတွေလည်းကြိတ်နေတယ် ဘာတွေဖြစ်နေတာလဲ "

လက်မောင်းကိုလှုပ်ခါရင်းလာမေးသော သော်ယံကြောင့် အတွေးစတို့ပြတ်တောက်သွားရသည်၊

" ဟင် သြော် ဘာမှမဟုတ်ပါဘူး၊ ဒါဆို အလုပ်သွားတော့မယ်၊ သော်ယံရောလိုက်မယ်မလား "

" ဟင့်အင်း အမေနဲ့အဖေတို့က ရန်ကုန်ကိုဒီနေ့ရောက်မယ်ပြောတယ်၊ ကျွန်တော်သွားကြိုပေးရဦးမယ်၊ ပြီးတော့ ဒီအိမ်မှာပဲခဏခေါ်ထားလို့ရတယ်မလားဟင် "

ကလေးသဖွယ် လက်ကိုကစားရင်း တစ်လုံးချင်းပြောနေသော သော်ယံ့ကိုအသည်းယားလာ၍ ဆံပင်ဆွဲဖွလိုက်သည်၊

ထင်မှတ်မထားသော ||Completed||Onde histórias criam vida. Descubra agora